၆. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးကိုထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ် ယအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာအစိုးရသည် တရုတ်နှင့် မြန်မာနယ်စပ်ဒေသအနီးတွင် တရားဥပဒေစိုးမိုးမှုများပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း၊ ပြီးခဲ့သောသီတင်းပတ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး လက်ရှိတွင် တရုတ်နှင့် မြန်မာနယ်စပ်ဒေသ၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က ” တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက်တွန်းပါတယ်။ တရုတ်နယ်စပ်ဒေသမှာ နေထိုင်နေသူတွေရဲ့အသက်အိုးအိမ်၊ စည်းအိမ်တွေ ဘေးကင်းမှုဖြစ်စေဖို့နဲ့ လုံခြုံရေးဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်စေဖို့ ထိ ရောက်တဲ့အစီမံတွေလုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တောင်းဆိုပါတယ်”ဟုပြောသည်။

မြန်မာ အစိုးရ၏ပြောရေးဆိုခွင့်ရှိသူကမူ ထိုတောင်းဆိုချက်အပေါ် တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာဘက်က ပစ်ခတ်လိုက်သောကျည်ဆံများသည် နိုဝင်ဘာ ၄ ရက်နေ့တွင် တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးသေဆုံးကာ ဒဏ်ရာအများအပြားရရှိစေခဲ့ကြောင်း Asia Times သတင်းဌာနက ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်ခဲ့သော တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သည့် Nong Rong က မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို ပြန်လည်ရရှိရန် လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးပြန်လည်ရရှိစေရန်နှင့် မတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဖွဲ့အစည်းအားလုံးကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပြောသည်။

Ref; Channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *