MT News
၁၆. ၁၁. ၂၀၂၂
မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် King Power ပူးပေါင်း၍ MNA ၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် ၁၅ ရာခိုင်နှုန်း လျှော့ချပေးမည့်အစီအစဥ် ပြုလုပ်နေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြရုံဖြင့် သတ်မှတ်ထားသော ပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့် ပစ္စည်း (၁)ခုအတွက် 15% Discount ရရှိနိုင်ရန်စီစဉ်ပေးထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)အထိပြုလုပ်ပေးထားသည်။
၁၅ ရာခိုင်နှုန်း လျှော့စျေး ရရှိနိုင်မည့် King Power ဆိုင်များမှာ King Power Suvarnabhumi, Don Mueang, Chiang Mai, Phuket, U-Tapao Airports King Power Rangnam, Srivaree, Pattaya and Phuket ဆိုင်များဖြစ်သည်။
