၁. ၁၁. ၂၀၂၃
Written by Nay Moe

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီးနောက် စစ်ဆင်ရေး ၅ ရက်တာကာလအတွင်း စစ်တပ် စခန်းကြီး၊ စခန်းငယ်၊ စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော် အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ MNDAAA က ​ကြေညာထားပါတယ်။

ဒီစစ်ဆင်ရေးရက်အတွင်း လခရတပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး၊ ဒဏ်ရာရပြီး စစ်လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင် အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၀ ကနေ ၃၁ ရက် နံနက် ၁၀ နာရီခန့်မှာ MNDAA နဲ့ AA) က တပ်စခန်း (၄) ခုကိုဆက်လက် တိုက်ခိုက်သိမ်းယူခဲ့တဲ့အပြင် ချင်းရွှေဟော်မြို့ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ထွက်ပြေးသွားတဲ့ပြည်သူတွေကို ပြန်လည်လက်ခံနေရာချထားပေးနေပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ။ MNDAA ထုတ်ပြန်ချက်နှင့် ချင်းရွှေဟော်မြို့အတွင်း သန့်ရှင်းရေးလုပ်နေမှုမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *