၃၁.၁၀.၂၀၂၃
Written By Thandar

နိုဝင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် Man of the Year 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမောင် သီဟထွန်းက သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ Beauty Paradise Organization က CEO & Founder Layauk Naw က MTNews Entertainment ကို ပြောပါတယ်။

“သီဟထွန်းက ၂၀၁၉ ခုနှစ်တုန်းက ပြိုင်ပွဲပြိုင်ဖို့ လျှောက်ဖူးတယ်။ အခုက သူ့အနေနဲ့ ပြိုင်ပွဲပြိုင်ချင် တယ်လို့ ကျွန်တော်တို့ဘက်ကို ဆက်သွယ်လာတဲ့အတွက် စေလွှတ်ယှဉ်ပြိုင်ဖြစ်တာပါ။ အခုကျွန်တော်တို့ဘက်ကနေ ပြိုင်ပွဲအတွက် သေချာလေး လေ့ကျင့်သင်ကြားပေးနေပါတယ်။ သွားဖို့အတွက် လိုအပ်တာလေးတွေကို ပြင်ဆင်ပေးနေပါတယ်”လို့ Layauk Naw က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးမှာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက အလှမောင်တွေနဲ့အတူ သီဟထွန်းက ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_15-16-47-819x1024.jpg

Man of the Year 2023 ပြိုင်ပွဲဟာ Masterly ၊ Mindful L ၊ Manly ၊ Masculine ၊ Modern အစရှိတဲ့ စကားလုံး ၅ လုံးရဲ့ အကောင်းဆုံး ကိုယ်စားပြုနိုင်သူ ဖြစ်ရမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် စံနမူနာပြုဖြစ်စေမဲ့သူကိုရှာဖွေတဲ့ အဖွဲ့အစည်းဖြစ်သလို သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး၊ လူသားဆန်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

“Man of The Year အချက် ၅ချက်ကို ကိုယ်စားပြုတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြိုင်ပွဲဝင်တစ်ယောက် သွားပြီဆိုရင် ပြိုင်ပွဲ Winner ထိဖြစ်ဖို့ကို အပြည့်အဝမျှော်လင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားမှုရယ် ကံအပေါ်မှာလည်း အများကြီး မူတည်သေးတယ်”လို့ သူက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_15-16-51-819x1024.jpg

Man of the Year ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမောင်တွေအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ စတင် စေလွှတ်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် မြန်မာအလှမောင်တွေက ရလဒ်ကောင်းများစွာကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမောင်တွေဖြစ်တဲ့ Man of the Year 2016 အလှမောင် ထူးအံ့လွင်က Mister Popularity Award ဆု ၊ Man of the Year 2017 အလှမောင် မောင်အောင်က Man of the Year Manly Award ဆု ၊ Man of the Year 2018 အလှမောင် Lota Ra က Most Cute Man Award ဆု ၊ Galaxy Model Award ဆု ၊ Best Runway Model Award ဆုနဲ့ Best National Costume 2nd Runner Up ဆု ၊ Man of The Year 2019 အလှမောင် ချစ်ကိုကိုထွဋ်က 4th Runner Up ဆု ၊ Top Model Award ဆု ၊ Best Catwalk ဆု၊ Best in National Costume Award ဆု ၊ Man of the Manly Top 3 ဆု ၊ Man of the Year 2022 အလှမောင် Shayu Gum Hkawng Naw က Peoples Choice Award and Manly Top 3 ဆုတွေ နိုင်ငံ့ကိုယ်စားပြု အသီးသီး ရရှိခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *