MT News

Photo Tha Doe

ပြည်သူ့ရင်ပြင်မှာ အောက်တိုဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ မြင်ကွင်းတွေထဲက ဖျော်ဖြေပွဲတွေနဲ့ မီးရှုးမီးပန်းလွှတ်တင်မှုမြင်ကွင်းတွေပါ။

ဒီနေ့ လပြည့်နေ့မှာ ဆိုင်ခန်းပေါင်း ၅၀၀ လောက်ခင်းကျင်းပြသထားသလို ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ပြည်သူ့ရင်ပြင် ပြည့်လျှံလုမတတ် လာရောက်ကြည့်ရှုနေကြပါတယ်။

ဒီဖျော်ဖြေပွဲတွေကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) တို့ ပူးပေါင်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *