MT News

Written By Thandar

ပရိသတ်ကြီးတို့ရဲ့အချစ်တော် မင်းသားချောပိုင်တံခွန်နဲ့ ကျော်ကျော်ဗိုလ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၉ ရက် ည ၈နာရီမှာ CANAL+ ZAT LENN Channel က ပြသပေးသွားမှာဖြစ်ပါတယ်။

“ဝတ်ရည် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မှောင်တိုက်ရုပ်ရှင်ကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့သလို အခုမြန်မာပြည်က ဦးဦးဖျားဖျား ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်တာမို့ ရုံတင်ချိန်က မကြည့်ရသေးတဲ့ ပရိသတ်တွေ ကြည့်ခွင့်ရတာပေါ့”လို့ ဒါရိုက်တာ ချိုဝတ်ရည်က ပြောပါတယ်။

ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးထားတဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ ဟနွိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်၊ Bulgaria နိုင်ငံ IFF Love Is Folly နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆန်ခါတင် အနေနဲ့ ပြသခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒ့ါအပြင် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကို ၅ ကြိမ်မြောက် ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် တရုတ်ရုပ်ရှင်ပွဲတော်မှာလည်း ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၊ ယူနန်ပြည်နယ်မှာ ပြသခွင့်ရခဲ့ပါတယ်။

သည်းထိပ်ရင်ဖို Pyscho Thriller ပုံစံ “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ ပိုင်တံခွန်၊ အိချောပို၊ မင်းမြတ်စိုးစံ၊ ဇင်မျိုး စတဲ့အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *