၂၈. ၁၀. ၂၀၂၃
Written by MMAK

ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ အယ်ကလက်စီကိုဒါဘီနဲ့ ဒီညဟာ ဘောလုံးချစ်သူတွေအတွက်တော့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်ရဦးမှာပါ။ စိတ်လှုပ်ရှားချင်စရာ ဒီညမှာ ပိုပြီး​တော့ရင်မချင်ရင်တော့ အသည်းတယားယားနဲ့ အမြတ်ထွက်ဖို့ဆုတောင်းရမဲ့ ပွဲစဥ်လေးတွေ ခန့်မှန်းပေးလိုက်ပါတယ်။

◾ချဲလ်ဆီး Vs ဘရန့်ဖို့

ချဲလ်ဆီးအသင်း ခြေစွမ်းအတက်ဘက်ရောက်လာပြီး တည်ငြိမ်စပြုလာပါပြီ။ ဒီပွဲပြီးရင်တော့ စပါး ၊ မန်စီးတီး ၊ နယူး၊ မန်ယူ အသင်းတွေနဲ့ ပွဲကျပ်တွေကစားရပါမယ်။ ရှစ်ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ဘရန့်ဖို့အသင်း နောက်ဆုံးပွဲမှ အိမ်ကွင်းမှာ ဘန်လေကို နိုင်ခဲ့​ပေမဲ့ ခြေစွမ်းတည်ငြိမ်မှု မဲ့နေချိန်ဖြစ်ပါတယ်။ ပွဲကျပ်တွေ ကစားရတော့မဲ့ ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ အနိုင်သေချာတာကြောင့် ​အပြာရောင် တပ်သားတွေကိုရွေးပါ။

◾ ဘုန်းမောက် Vs ဘန်လေ

နိုင်ပွဲလုံးဝမရသေးတဲ့ အိမ်ရှင် ဘုန်းမောက် အသင်း
ဒီပွဲပြီးရင်လည်း အသင်းကြီးတွေနဲ့ ကန်ရမှာကြောင့် ဒီပွဲမှာတော့ သွင်းဂိုးတွေ ရယူပြီး အနိုင်ကန်ဖို့ ပြင်ဆင်ထားမှာပါ။ ကွန်ပနီရဲ့ ဘန်လေအသင်း ကစားအား မဆိုးလှသလို ဂိုးသွင်းနိုင်စွမ်းလည်း ရှိပါတယ်။ ဂိုးရဖို့ ဖွင့်ဆော့လာမဲ့ ဘုန်းမောက်ကြောင့် ဘန်လေ ဂိုးပြန်သွင်းနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုး သေချာနေတာမို့ ဂိုးပေါင်းအပေါ် တစ်ကွက်တည်းကိုဘဲ အပိုင်ရွေးလိုက်ကြရအောင်။

◾အာဆင်နယ် Vs ရှက်ဖီး

တစ်မှတ်သာ ရထားတဲ့ တန်းတက် ရှက်ဖီးအသင်း အဝေးကွင်းမှာတော့ ပိတ်ကန်ရုံကလွဲလို့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး ။ ပိတ်ကစားလာမဲ့ ရှက်ဖီးအသင်းကြောင့် အမ်းမရိတ်ကွင်းမှာ အာဆင်နယ်အသင်း အနိုင်ရနိုင်ပေမဲ့ ဂိုးပြတ်ဖို့ခက်ခဲပါတယ်။ ရှက်ဖီးအသင်း ဂိုးမရနိုင်သလို အာဆင်နယ် တစ်သင်းတည်း သွင်းမဲ့ပွဲမှာ လေးဂိုး မရောက်နိုင်တဲ့အတွက်ကြောင့် ဂိုးပေါင်းအောက်ကို အပိုင်ဆုံး တစ်ကွက်အဖြစ် ရွေးချယ် ပေးလိုက်ပါတယ်။

◾ ဝုဗ် Vs နယူးကာဆယ်

အိမ်ကွင်းဆိုပေမဲ့ ပြိုင်ဘက်က နယူးကာဆယ် အသင်းဖြစ်နေလို့ ခံစစ်ကစားပြီး ကောင်တာတွေနဲ့ ထိုးဖောက်လာမဲ့ ဝုဗ်အသင်းပါ။ နယူးကာဆယ် အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းဆို ခြေစွမ်း တအားမကောင်းပါဘူး။ အများဆုံး သုံးဂိုးအထိသာ ရောက်နိုင်တဲ့အတွက်ကြောင့် လေးဂိုးအထိမရောက်တဲ့ ပွဲလို့ယူဆထားပါတယ်။ ဒါကြောင့် ပြားသုံးဆယ် ရင်းပြီး ဂိုးအောက်နေပါ။

◾ဘာစီလိုနာ Vs ရီးရဲမက်ဒရစ်

ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ လူစိတ်ဝင်စားမှုအများဆုံး အယ်ကလက်စီကိုဒါဘီပွဲပါ။ ဒဏ်ရာရ ကစားသမားများနေတဲ့ ဘာကာအသင်းအနေနဲ့ ကြေးပါးပါးလေးသာ ပေးထားနိုင်ပါတယ်။ လူငယ်ကစားသမားတွေနဲ့ အကောင်းဆုံးခြေစွမ်းပြနေတဲ့ နည်းပြကြီး အန်စလော့တီရဲ့ တော်ဝင် ရီးရဲအသင်း မရှုံးနိုင်တဲ့အတွက်ကြောင့် ရီးရဲမက်ဒရစ်ကို ရွေးချယ်ထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

◾ စတုဂတ် Vs ဟော့ဖန်ဟိမ်း

စတုဂတ် တိုက်စစ်မှူး ဂတ်ဆေး မပါတာတောင် ကြေးပြင်းပြင်းပေးထားပါတယ်။ ဟော့ဖန်ဟိမ်းအသင်းဟာ သူသွင်းကိုယ်သွင်း ဖွင့်ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ နှစ်သင်းစလုံး ဂိုးသွင်းအားရှိနေပြီး ဘွန်ဒစ်လီဂါ ထုံးစံအတိုင်း သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးတတ်တဲ့ သဘာဝကြောင့် ဂိုးပေါ် တစ်ကြောင်းထဲကို ရိုက်သင့်ပါတယ် ။

◾ ဘိုင်ယန်မြူးနစ် Vs ဒမ်းစတက်

တန်းတက်အသင်း ဒမ်းစတက်အပေါ် ဂိုးပေါင်းကြေးလောက်ထိ ဘော်ဒီကြေးပေါက်နေတဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်ပါ။ ဒမ်းစတက်အနေနဲ့ ဘိုင်ယန်ကွင်းမှာတော့ ပေးဂိုးမများအောင်သာ ပိတ်ကန်ရံရှိပါတယ်။ ကြေးပြင်းလွန်းတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုးတွေကို ထိုင်ရေတွက်နေရုံပါဘဲ။ ဘိုင်ယန်မြူးနစ်ကို ရွေးပါ။

စိတ်ကြိုက်အဖြစ်ဆုံးနဲ့ အကျိုးအမြတ်ရနိုင်မဲ့ ပွဲတွေကိုသာ ရွေးချယ်ခန့်မှန်းပေးထားပါတယ်။ အားလုံး အပေါင်းပြကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *