၁၄. ၁၁. ၂၀၂၂

Written by Pan Ei

နိုဝင်ဘာ ၁၃ရက် (တနင်္ဂနွေနေ့) တုန်းက ဂျာမနီနိုင်ငံ Düsseldorf မှာရှိတဲ့ PSD Bank Dome မှာ ကျင်းပခဲ့တဲ့ 2022 MTV Europe Music Awards (MTV EMAs) ပွဲမှာ Taylor Swift က ဆုအများဆုံးရရှိခဲ့ပါတယ်။

Taylor Swift ဟာ ဒီဆုပေးပွဲ ရဲ့ ဆန်ကာတင်စာရင်းမှာ ၆ ဆုအထိ လျာထားခံရပြီး MTV EMAs ရဲ့ ဆုကြီးဖြစ်တဲ့ Best Video အပါအဝင် ဆုလေးဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Taylor Swift ရရှိခဲ့တဲ့ ဆုတွေမှာ အကောင်းဆုံး အနုပညာရှင်ဆု( Best Artist Award) ၊ အကောင်းဆုံး ပေါ့ပ်ဂီတဆု (Best Pop Award) နဲ့ သူမရဲ့ ၁၀ မိနစ်ကြာချိန်ရှိတဲ့ ” All Too Well” music video အတွက် အမြင့်ဆုံးဆုဖြစ်တဲ့ အကောင်းဆုံး ဗီဒီယိုဆု (Best Video Award) နဲ့ အကောင်းဆုံး ဗီဒီယိုအရှည်ဆု (Best Longform Video Award) တွေကို ရရှိခဲ့ပါတယ်။

Taylor Swift ဟာ ၂၀၁၉ ခုနှစ်မှာ ” Me” music video နဲ့ Best Video Award ရရှိခဲ့ဖူးတာကြောင့် ဒီနှစ် Best Video Award ရရှိတာက ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

Taylor Swift ဟာ MTV EMAs ဆုပေးပွဲမှာ ၁၂ ဆုအထိ ရရှိထားတာ ကြောင့် Lady Gaga နဲ့အတူ MTV EMAs သမိုင်းတစ်လျှောက် ဆုရရှိမှုအများဆုံး အမျိုးသမီး အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

ဒီဆုပေးပွဲမှာ ဆန်ကာတင် ၇ ဆုအထိ လျာထားခြင်းခံခဲ့ရတဲ့ Harry Styles က ဆု ၂ ဆု သိမ်းပိုက်နိုင်ခဲ့သလို BTS အဖွဲ့ကလည်း Biggest Fan Award ကို ၂၀၁၈ ခုနှစ်ကစပြီး ၅နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *