၂၅. ၁၀. ၂၀၂၃
Written by Pan Ei

နောက်ဆုံးထွက်ရှိလာမယ့် မင်းသားကြီး တွမ်ခရုစ်ရဲ့ Mission: Impossible ဇာတ်ကားဆက်ဟာ ဟောလီးဝုဒ်က သရုပ်ဆောင်တွေရဲ့ သပိတ်မှောက်မှုကြောင့် ထွက်ရှိမယ့်ရက်ကို တစ်နှစ်နီးပါး ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

Mission: Impossible ရဲ့ ရှစ်ကားမြောက်ရုပ်ရှင်ကို ကနဦးက ဇွန်လ ၂၈ ရက် ၂၀၂၄ ခုနှစ်မှာ ထွက်ရှိဖို့စီစဉ်ထားခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ မေလ ၂၃ ရက်၂၀၂၅ ခုနှစ်မှသာ ထွက်ရှိတော့မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_11-09-39-1024x701.jpg

အခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ သပိတ်ကြောင့် အမေရိကန်က အဓိကရုပ်ရှင်လုပ်ငန်းပိုင်းတွေနဲ့ တီဗီရှိုးအများအပြားဟာ ဆိုင်းငံ့ထားရပြီး Disney နဲ့ Marvel ရဲ့ Blade နဲ့ Fantastic Four လိုမျိုး ရုပ်ရှင်တွေကို လအတော်ကြာ ရွှေ့ဆိုင်းထားရကာ Avengers: The Kang Dynasty နဲ့ Avengers: Secret Wars တို့ကိုလည်း တစ်နှစ်ရွှေ့ဆိုင်းထားရပြီး တီဗီစီးရီးတွေ၊ နာမည်ကြီးကာတွန်းတွေ၊ ရုပ်ရှင်တော်တော်များများဟာလည်း ထွက်ရှိဖို့ ရက်တွေ ရွှေ့ဆိုင်းထားရပါတယ်။

ဟောလ်ဝုဒ်က စာရေးဆရာတွေ သပိတ်မှောက်မှုနောက်မှာ ဆက်နွယ်လာခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ သပိတ်မှောက်မှုဟာ ရက်ပေါင်း ၁၀၀ ကျော်ကြာမြင့်နေပြီဖြစ်ပြီး သူတို့သပိတ်မှောက်ရတဲ့အကြောင်းအရင်းကတော့ ပိုမိုကောင်းမွန်တဲ့လစာ၊ အခကြေးငွေတိုးမြှင့်မှု၊ ပင်စင်စရိတ်နဲ့ ကျန်းမာရေးအစီအစဥ်တွေအတွက် မြင့်မားတဲ့ပံ့ပိုးကူညီမှုတွေပေးဖို့နဲ့ စက်မှုလုပ်ငန်းတွေမှာဉာဏ်ရည်တု (AI) အသုံးပြုမှုဆိုင်ရာ အကာအကွယ်တွေကို ပေးဆောင်ဖို့ စတဲ့ အချက်တွေကို ဗဟိုပြု တောင်းဆိုတာဖြစ်ပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *