ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးပွဲစီစဥ်ထားမှုကို ပါ ဖျက်သိမ်း

၂၅.၁၀.၂၀၂၃.
translated by Htwe Ko Tun

အစ္စရေး – ဟားမားစ်စစ်ပွဲနဲ့ ပတ်သက်လို့ ကျင်းပနေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်ကို ‘အတွင်းရေးမှူးချုပ်၊ ခင်ဗျား ဘယ်ကမ္ဘာကြီးထဲမှာ နေနေတာလဲ’ လို့ အောက် တိုဘာ ၂၄ ရက်က တုံ့ပြန်မေးခွန်းထုတ်ရင်း သရော်မှုပြုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရီးစ်က အစည်းအဝေးမှာအစ္စရေးအနေနဲ့ ဂါဇာဒေသမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။ သူကကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ဖို့ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီမှာ အီလီကိုဟန်က ဟားမားစ် အုပ်စုရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားတွေသေဆုံးခဲ့ရမှုတွေ၊ ကလေးငယ်တွေ ပြန်ပေးဆွဲခံရတာတွေကို အသေးစိတ်ပုံများနဲ့တကွ အမည်တွေပါ ထုတ်ဖော်ပြခဲ့ပါတယ်။ ဒီနောက်မှာတော့အထက်မှာဆိုခဲ့သလို ‘အတွင်းရေးမှူးချုပ်၊ ခင်ဗျား ဘယ်ကမ္ဘာကြီးထဲမှာ နေနေတာလဲ’ လို့ တုံ့ပြန်မှုပြုခဲ့တာပါပဲ။

အစည်းအဝေးမှာ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာဒ် အယ်လ် မာလီကီက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို မည်သို့မျှအရေးမယူဘဲနေတာကို ဝေဖန်ရှုတ်ချမှုပြုသွားခဲ့ပါတယ်။ သူက အစ္စရေးတို့ရဲ့ ပါလက်စတိုင်း ပြည်သူတွေအပေါ်  တစ်ဖက်သတ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုတွေ ရပ်ဆိုင်းဖို့ ပြောကြားခဲ့ပါတယ် ။

ဒီအစည်းအဝေးနောက်ပိုင်းသတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ဂူတာရီးစ် နဲ့တွေ့ဆုံဆွေးနွေးဖို့စီစဥ်ထားမှုကို ဖျက်သိမ်းပြီးဖြစ်တယ်လို့ အီလီကိုဟန်က ပြောခဲ့ပါတယ်။

Ref—-The Times of Israel, Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News