၂၄. ၁၀. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းမြို့တွင် PDF များက ပန်းခြင်းအတွင်း လက်လုပ်မိုင်းထည့်သွင်း၍ ပန်းခြင်းမိုင်းထောင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ စစ်ကိုင်းမြို့ ဒါးဝယ်ဈေးရပ်ကွက်နေ ဦးထွန်းနိုင်ဝင်း(၅၀ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာထွေး(၅၀ နှစ်)တို့ ၂ ဦးသည် စစ်ကိုင်းမြို့တွင်းမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့လမ်းဘေး၌ ပန်းများထည့်ထားသည့် ပလပ်စတစ်ခြင်း ၁ လုံးအား တွေ့ရှိသဖြင့် ဆိုင်ကယ်အား ရပ်တန့်ပြီး ဒေါ်ဥမ္မာထွေးက ပလပ်စတစ်ခြင်းအား ဖယ်လိုက်စဉ် ခြင်းအတွင်းမှ PDF များ ထောင်ထားသော မိုင်း (စိစစ်ဆဲ) ၁ လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ဥမ္မာထွေးတွင် မျက်နှာပေါက်ပြဲကာ ယာလက်ချောင်းများ ကြေမွခဲ့ပြီးယာခြေထောက် ဒူးအထက်မှပြတ်ထွက်သွားသည့်အပြင် ဝဲခြေသလုံး ကြေမွဒဏ်ရာများ (စိုးရိမ်ရ) နှင့် ဦးထွန်းနိုင်ဝင်းတွင် ယာပါးမှ ခြေထောက်ထိ ခန္တာကိုယ်တစ်ခြမ်းလုံး မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းမှာ မကြာခဏပေါက်ကွဲမှုဖြစ်နေတာ။ သူတို့က ဘယ်သူနဲ့မှမပတ်သက်ကြတဲ့ အေးအေးဆေးဆေးသမားတွေပါ။ ဘာကြောင့်အခုလိုလုပ်တာလဲတော့ မသိရသေးဘူး” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရသည့် ဇနီးမောင်နှံနှစ်ဦးကို စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူစေခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *