၂၄. ၁၀. ၂၀၂၃
Written by Pan Ei

ကမ္ဘာတဝှမ်းမှာ အောင်မြင်မှုများစွာနဲ့ ဆုများစွာရရှိခဲ့တဲ့ Squid Game ရုပ်ရှင်ထဲက ပြိုင်ပွဲတွေအတိုင်း အပြင်မှာ တကယ်လက်တွေ့ပြိုင်ဆိုင်ရမယ့် အစစ်အမှန်တီဗီရှိုး Squid Game: The Challenge ကို Netflix ကနေ လာမယ့် နိုဝင်ဘာလအတွင်းမှာ စတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်ညွှန်းမပါဝင်တဲ့ အစစ်အမှန်တီဗီရှိုး Squid Game: The Challenge မှာ ပြိုင်ပွဲဝင် ၄၅၆ ယောက်က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၆ သန်းအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မနေ့က ရှိုးရဲ့ ထွေလာကို ထုတ်ဖော်ပြသပြီးချိန်မှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေး ရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-24_15-41-06.jpg

ထွေလာထဲမှာ မူရင်း Squid Game ရုပ်ရှင်ရဲ့ အထင်ရှားဆုံးပြိုင်ပွဲတွေကို ထည့်သွင်းပုံဖော်ထားတာတွေ့ရသလို ပြိုင်ပွဲဝင်အချင်းချင်းကြား သစ္စာဖောက်မှုတွေ၊ ယှဉ်ပြိုင်မှုတွေကိုလည်း ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး ရှိုးထဲမှာ မူရင်းရုပ်ရှင်နဲ့ မတူညီမယ့် အချက်ကတော့ ပြိုင်ပွဲဝင်တွေကို တကယ် မသေစေခြင်းပဲ ဖြစ်မှာပါ။

အပိုင်း ၁၀ ပိုင်း ပါဝင်မယ့် အစစ်အမှန်ရှိုး Squid Game: The Challenge ကို လာမယ့် နိုဝင်ဘာလ ၂၂ ရက်ကစပြီး Netflix ကနေ စတင် ထုတ်လွှင့်ပြသသွားမှာဖြစ်သလို တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကိုရရှိခဲ့ပြီး နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာပါဝင်မယ့် မူရင်းရုပ်ရှင် Squid Game ရဲ့ Season 2 ကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြနေကြပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *