၁၆. ၁၀. ၂၀၂၃
Written By Thandar

ပန်းချီတွေကားတွေကို တစိုက်မတ်မတ် ဖန်တီးနေတဲ့ သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ မကြာခင် ရုံတင်ပြသမယ့် “တစ်ခါက ရန်ကုန်မြို့ပြ” ရုပ်ရှင်ဇာတ်ကားမျိုးဟာ ဒီလိုအချိန်မှာ ပြန်ရိုက်ဖို့ မလွယ်တဲ့ ရှားပါး ဇာတ်ကားပါ လို့ ဖွင့်ဟလာပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားက ထူးခြားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာ ကိုညိုမင်းလွင် ရိုက်ထားတာပါ။ ကိုညိုမင်းလွင်ပြောသလို နောက်တစ်ခေါက် ဒီလိုသရုပ်ဆောင်တွေ ဒီလိုမင်းသားတွေနဲ့ ဒီလိုဇာတ်ရုပ်မျိုး ဒီအချိန်မှာ နောက်တစ်ကြိမ် ပြန်ရိုက်ဖို့ မလွယ်ကူတော့ပါဘူး။ ဒီအချိန်မှာ ဒီလို ဇာတ်ကားလေးက ရှားပါးကားလေး တစ်ကားပါ” လို့ ဘုဏ်းသိုက်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-16_16-42-31-786x1024.jpg

သူဟာ လက်ရှိအချိန် ဇာတ်ကားရိုက်ကူးမှုတွေကို ခေတ္တ ရပ်နားထားပြီး မိမိစိတ်ကြိုက် ပန်းချီကားတွေကို ဖန်တီးပုံဖော်နေသူလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ညိုမင်းလွင်နဲ့ သားထိုက်တို့ကရေးသားထားပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ လူမင်း ၊ တိုင်ရွန် ၊ ဘုဏ်းသိုက်၊ ညီထွဋ်ခေါင် ၊ စွမ်း ၊ ကောင်းမြတ်စံ ၊ အောင်လေး၊ မိုးဟေကို ၊ ဘေဘီမောင်၊ ဖုန်းသီရိကျော်၊ ထူးခြား ၊ မင်းခ၊ ဇွဲနိုင်ဝင်း တို့နဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

“ တစ်ခါက ရန်ကုန်မြို့ပြ “ ( Once Upon A Time In Yangon ) ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလအတွင်းမှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *