၁၄. ၁၀. ၂၀၂၃
Written By Thandar
ထိပ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “တာတီး” ဂမ္ဘီရဇာတ်လမ်းတွဲမှာ လျှို့ဝှက်ချက်များစွာနဲ့ ရွာမှာသရဲအရမ်းကြောက်တတ်တဲ့ နွယ်နီနေရာ ပရိသတ်မြင်တွေ့ရမယ်လို့ သရုပ်ဆောင် သင်းသဲဗိုလ်က ပြောပါတယ်။
“ညီမရဲ့ ပထမဆုံး Horror ကားလည်းဖြစ်တယ်။ ကိုယ်က သရဲအရမ်းကြောက်တတ်တဲ့သူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားထဲပါဝင်ထားတယ်။ တစ်ခါတလေ အိပ်နေရင် မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ရင် ကြောက်တဲ့သူပါ။ ညီမအတွက် အသစ်အဆန်းကာရိုက်တာ တစ်ခုမှာ မတူညီတဲ့ ကြိုးစားမှုတစ်ခုအနေနဲ့ ပရိသတ်ကို မြင်စေချင်လို့ပါ”လို့ သရုပ်ဆောင် သင်းသဲဗိုလ်က ပြောပါတယ်။

ဇာတ်လမ်းကို Gu Gu၊ ဇာတ်ညွှန်း ဒီဒီထက်အောင်တို့က ရေးသားထားပြီး ဒါရိုက်တာ နေမင်းတင်က ရိုက်ကူးမယ့် တာတီး ဇာတ်လမ်းတွဲကတော့ ပရိသတ်အကြိုက် Horror ပုံစံကို ပုပ္ပါးနယ်ဘက်မှာ အပိုင်း ၄၀ ကျော် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဂူးဂူး ၊ သင်းသဲဗိုလ် ၊ ဇောက်ထိုး ၊ ခရစ္စဝင်း ၊ ပြည့်ပြည့် ၊ ကဲကဲ ၊ အကယ်ဒမီ ခင်မို့မို့အေး ၊ ဒေါ်စန်းစန်းဝင်း ၊ သူဇာပွင့် ၊ ချမ်းအေး စတဲ့သူတွေက ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
“တာတီး” ဂမ္ဘီရဇာတ်လမ်းတွဲကို ယခုအောက်တိုဘာလအတွင်းမှာ Fortune TV မှာ မကြာမီ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။



