ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့
၇. ၁၀. ၂၀၂၃
written by KL
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်၊ ခေမာ၃လမ်းရှိ ၃ ထပ်တိုက်တွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ရပ်ထားသော ပါဂျဲရိုးကားတစ်စီးပါ မီးလောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁၀ရက် နံနက်၂ နာရီ ၅၃ မိနစ်ခန့်က ၃ ထပ်တိုက်ရှိ အလျား ၁၀ ပေ၊ အနံပေ ၂၀ ရှိ သွပ်မိုးထားသော တံစက်မြိတ်နှင့် အုတ်နံရံကြားမှ တိုက်ပေါ်ရှိ ဖုန်းတာဝါတိုင်ပေါ်သို့ ဆက်သွယ်ထားသော ဝါယာကြိုးနှင့် သွပ်ပြားပွတ်တိုက်ရာမှ မီးပွားများထွက်ကာ အောက်ရှိအမှိုက်များနှင့် အနီးရှိ ပါဂျဲရိုးကားအတွင်းသို့ မီးပွားများကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မီးလောင်မှုမှာ ၇ မိနစ်ကြာ လောင်ကျွမ်းခဲ့ကာ ပါဂျဲရိုးယာဥ်ပေါ်မှ ဆိုဖာခုံနှင့် ဝါယာကြိုးများ မီးလောင်ခဲ့ပြီး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ပိုင်ရှင်အသက် ၆၄ နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် ဝေဘာဂီနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။
