◾ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလထဲမှာ ကမ္ဘာကြီးကြုံရနိုင်တဲ့ အကြမ်းဖက်မှုတွေ၊ ဘေးဆိုးတွေကို ဟောကိန်းထုတ်တဲ့ Abhigya

၅.၁၀.၂၀၂၃
Translated by Htwe Ko Tun

ဒီနေ့ကမ္ဘာကြီးရဲ့အခြေအနေကို ပြန်သုံးသပ်လေ့လာကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံချင်း ဒါမှမဟုတ် နိုင်ငံအတော်များများ ပါဝင်ပတ်သက်နေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပထဝီအနေအထားတို့အပေါ်အခြေခံတဲ့ ပဋိပက္ခတွေ၊ ရန်ပွဲတွေ၊ စီးပွားရေးအရ ပိတ်ဆို့တိုက်ခိုက်မှုတွေကို တွေ့ရမှာပါ။ ဒါတွေအပြင် အကြမ်းဖက်မှုတွေကလည်း ကမ္ဘာအနှံ့ဖြစ်ပွားနေတာ တွေ့ရမှာပါ။ ဒါတွေကြောင့် လူသားတို့ရဲ့ကမ္ဘာကြီးဟာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေကြရချိန်မှာပဲ လူပေါင်းထောင်နဲ့သောင်းနဲ့ချီလို့ ထိခိုက်သေကြေရတဲ့ သဘာဝဘေးဆိုးကြီးတွေကလည်း ကမ္ဘာပေါ်မှာ ဖြစ်ပွားလာတတ်ကြတာတွေ့ရပါတယ်။

ဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံက အရွယ်နဲ့မလိုက်အောင် ထူးချွန်တယ်လို့ဆိုရမယ့် ပါရမီရှင်လူငယ်လေးတစ်ဦးရဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ခန့်မှန်းနိမိတ်ဖတ်မှုက အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ ဒီလူငယ်လေးအမည်ကတော့ အက်ဘ်ဟီဂျာ အာနန်(Abhigya Anand) လို့ခေါ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့လို့ ၁၇ နှစ်ပဲရှိသေးတဲ့ အက်ဘ်ဟီဂျာက သူ့ရဲ့ထူးခြားတဲ့အသိဉာဏ်နဲ့ အနာဂတ်ကို နိမိတ်ဖတ်ဟောပြောနိုင်စွမ်းရှိတဲ့ စွမ်းရည်အပြင် သူ့ရဲ့ခန့်မှန်းချက်အတော်များများက မှန်ကန်ခဲ့တာကြောင့်လည်း သူ့ကို အရွယ်နဲ့မလိုက်အောင်ထူးချွန်တယ်လို့ဆိုရမယ့် ပါရမီရှင်လူငယ်လေးတစ်ဦးအဖြစ် သတိပြုမိလာကြတာပါ။

သူ့ရဲ့ဟောပြောနိမိတ်ဖတ်ချက်မှန်ကန်မှုတွေထဲမှာ ကိုဗစ်-၁၉ ကပ်ဆိုးကြီး၊ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကျပ်အတည်း၊ ဂျပန်၊ အိန္ဒိယနဲ့ဩစတြေးလျတို့မှာ ကြုံခဲ့ရတဲ့ သဘာဝဘေးဆိုးကြီးတွေအတွက် သူ့ရဲ့ကြိုတင်ခန့်မှန်းနိမိတ်ဖတ်မှုတွေက ဥပမာအချို့ပါ။

ဒါကြောင့်လည်း ကမ္ဘာကြီးမှာဖြစ်ပွားနိုင်တဲ့ ထူးခြားဖြစ်ရပ်တွေနိမိတ်ဖတ်မှုမှာ ပါရမီရှင်တစ်ဦးလို့လည်းဆိုရမယ့် အက်ဘ်ဟီဂျာက အခုတစ်ခါ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကြိုတင်နိမိတ်ဖတ်ဟောပြောခဲ့ရာမှာ စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရတာပါ။

အက်ဘ်ဟာဂျီရဲ့ ဟောပြောချက်ကို အွန်လိုင်း ဗီဒီယိုလွှင့်တင်ခဲ့ရာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလအကြားမှာ အလွန်အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနိုင်တယ်လို့ဦးစွာဆိုခဲ့ပါတယ်။ ဒါတွေက ပထဝီနိုင်ငံရေးဆိုင်ရာဖြစ်ရပ်တွေ ဒါမှမဟုတ် သဘာဝဘေးဆိုးကြီးတွေဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။ အထူးသဖြင့် အောက်တိုဘာလကုန်ပိုင်းမှာ ပိုပြီးဖြစ်ပွားနိုင်တယ်လို့ အက်ဘ်ဟီဂျာက ပြောခဲ့ပါ တယ်။

အောက်တိုဘာလကုန်ရင်တော့ ကမ္ဘာကြီးမှာ အကြမ်းဖက်မှုတွေမြင့်တက်လာနိုင်ပြီး 9/11 ဖြစ်ရပ်လို အကြမ်းဖက်မှုကြီးတွေဖြစ်ပွားနိုင်တယ်လို့ အက်ဘ်ဟာဂျီက ဆိုခဲ့ပါသေးတယ်။ ကမ္ဘာကြီးပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေသာမက အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ကာလမို့ ဖြစ်နိုင်ခြေအလားအလာ ရှိတဲ့နေရာတွေမှာ သတိထားကြဖို့ သူကသတိပေးပြောကြားခဲ့ပါတယ်။

9/11 ဖြစ်စဥ်ကတော့ အားလုံးသိတဲ့အတိုင်းပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အစ္စလာမ္မစ်အစွန်းရောက် အယ်လ်ကိုင်ဒါအဖွဲ့ဟာ လေယာဥ်လေးစင်းကို ပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ နီးပါးသေဆုံးခဲ့သလို ဒါကိုလက်တုန့်ပြန်ဖို့ အမေရိကန်ကလည်း အာဖဂန်နစ္စတန်နဲ့ အီရတ်ကို ကျူးကျော်စစ်ဆင်နွှဲခဲ့တာကြောင့် လူဦးရေသောင်းနဲ့ချီ သေဆုံးခဲ့ရ လူသိန်းနဲ့ချီလည်း ဒုက္ခရောက်ခဲ့သလို ဒီနေ့ကာလအထိလည်း အဲဒီနှစ်နိုင်ငံ နာလန်မထူနိုင်တော့တာမျိုး ကမ္ဘာကြီးက ပြန်ကြုံချင်မှာမဟုတ်ပါဘူး။

အကြမ်းဖက်မှုတွေအပြင် သဘာဝဘေးဆိုးတွေလည်းဖြစ်နိုင်ပြီး မြေထဲပင်လယ်ဒေသ၊ ဥရောပတောင်ပိုင်းနဲ့ အာဖရိက တိုက်မြောက်ပိုင်းဒေသတွေကတော့ အဆိုပါဘေးအန္တရာယ်တွေ ကျရောက်မှုအဖြစ်နိုင်ဆုံး အန္တရာယ်ဇုံ (Danger Zone) အဖြစ် သတိရှိကြဖို့ အက်ဘ်ဟီဂျာကဆိုပါတယ်။ တဖန် အောက်တိုဘာလ ၂၈ ရက်မှာတော့ အရှေ့တောင်အာရှဒေသ ဒါမှမဟုတ် အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းတို့မှာလည်း ဘေးအန္တရာယ်ဆိုးသက်ရောက်မှုတွေဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

အက်ဘ်ဟီဂျာက နေစကြာဝဠာအတွင်း ဂြိုဟ်ကြီးတွေရဲ့ အပြန်အလှန်တုံ့ပြန်မှုတွေနဲ့ကမ္ဘာအပေါ် သက်ရောက်မှုတွေအပေါ်အခြေခံပြီးဟောကိန်းထုတ်ခဲ့တာပါ။ ဗုဒ္ဓဟူးဂြိုဟ်(ဂျူပီတာ)နဲ့ စနေဂြိုဟ်(ဆေတန်) တို့ဆိုရင် အလွန်အားကောင်းတဲ့တုံ့ပြန်မှုတွေ ၂၀၄၀ အထိလွှင့်ထုတ်နေတာကြောင့် ကမ္ဘာအပေါ် သက်ရောက်မှုတွေရှိကာ နောက်နှစ်များမှာလည်း ရောဂါကပ်ဆိုးကြီးတွေဖြစ်နိုင်ခြေရှိပြီး စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေး နောက်ခံတွေလည်း ပြောင်းလဲမှုတွေရှိမယ်လို့ သူက ဟောခဲ့ပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ကျသွားပေမယ့် အခြားသောဘေးအန္တရာယ်ကြီးတဲ့ရောဂါဆိုးတွေ ကမ္ဘာမှာဆက်လက် တည်ရှိနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အက်ဘ်ဟီဂျာက ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကမ္ဘာမြေဆက် လက်တည်တံ့ရေးတို့ကို အထူးအလေးထားဆောင်ရွက်ကြခြင်းဖြင့် ဖြစ်လာမယ့် သဘာဝဘေးဆိုးတွေကိုလည်းရှောင်ရှားနိုင်အောင်ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

Ref ; knowinsiders

Leave a Reply

Your email address will not be published. Required fields are marked *

Related News