၄.၁၀.၂၀၂၃
Written By Thandar

မိသားစုဒရာမာဇာတ်လမ်းပုံစံ “နှလုံးသားမဲ့နှင်းဆီ” ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းတချို့ကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးသစ်ရှိ အောင်နိုင်မြင့်ဆေးနဲ့ ဆေးကိရိယာ ရောင်းဝယ်ရေးဆိုင်မှာ အောက်တိုဘာ ၃ ရက်က ရိုက်ကူးခဲ့ပါတယ်။

“နှလုံးသားမဲ့နှင်းဆီဇာတ်လမ်းတွဲထဲမှာပါတဲ့ ဇာတ်ဝင်ခန်းကို ကျွန်တော်တို့ ဒီဆေးဆိုင်မှာ လာရိုက်နေတာပါ။ ကျွန်တော်က နယ်ကို တာဝန်ကျလို့ သွားမယ့်အချိန်မှာ သူငယ်ချင်းရဲ့ ဆိုင်ကိုလာပြီးတော့ ပစ္စည်းလေးတွေ လာဝယ်ဖြစ်တာပါ။ ဒီကားထဲမှာတော့ ကျွန်တော့်ရဲ့ ကာရိုက်တာက ဆရာဝန်ကာရိုက်တာဖြစ်တဲ့အတွက် အငြိမ်သရုပ်ဆောင်ရတဲ့ ပုံစံလေးဖြစ်တော့ ထူးခြားတယ်။ ဆရာဝန်ကာရိုက်တာကလည်း ကျွန်တော်မလုပ်ဖူးတဲ့ ကာရိုက်တာဖြစ်တော့ ထူးခြားပါတယ်။ ပရိသတ်တွေ သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”လို့ သရုပ်ဆောင် ကြည်ဖြူအောင်က MTNews Entertainment ကိုပြောပါတယ်။

ဇာတ်လမ်းနဲ့ဇာတ်ညွှန်းကို ဒီရေလှိုင်း ရေးသားပြီး ဒါရိုက်တာ တင်အောင်ကျော်က သရုပ်ဆောင် ကျော်ရဲအောင်၊ ဒေါက်တာ အောင်ကျော်မိုး၊ ကြည်ဖြူအောင်၊ ဂျွန်နိုင်အောင်၊ နန်းဆုရတီစိုး၊ ပိုးဝတီသာ၊ ရွှန်းလဲ့မေအောင်၊ ဝင်းလဲ့ရွှေရည်၊ ကိုလေး (MDC)၊ ငြိမ်းချမ်းပိုင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်တို့နဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။

“နှလုံးသားမဲ့နှင်းဆီ” ဇာတ်လမ်းတွဲကို မကြာခင် Channel K ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *