၄. ၁၀. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့သည် အောက်တိုဘာ ၃ ရက် ညပိုင်းက မြန်မာနိုင်ငံသားတစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ နှင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဟန်မွန်အမည်ရှိ မြန်မာနိုင်ငံသားသည် Srisoonthorn အရပ်ဒေသရှိ အလုပ်သမားစခန်းတွင် စိတ်ကြွဆေးပြားများ ရောင်း ချနေသည်ဆိုသော သတင်းပေးချက်ကိုလက်ခံရရှိခဲ့ပြီးနောက် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် Srisoonthorn အရပ်ဒေသရှိ Moo4 ကျေးရွာအနီးရှိ အလုပ်သမားစခန်းက မြန်မာနိုင်ငံသားနေထိုင်နေသောအခန်းတစ်ခုကို စီးနင်းခဲ့ရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားထောင်ချီကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့က အဆိုပါစီးနင်းရှာဖွေမှုအတွင်း စိတ်ကြွဆေးပြား ၁၁၃၀ ပြား၊ ထိုင်းဘတ်ငွေ ၂၅၀၀ နှင့်အတူ ငွေစက္ကူအချို့ကိုလည်း တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသားကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အသေး စိတ်စုံစမ်းစစ်ဆေးရန်အတွက် သာလန်ရဲစခန်းကို လွှဲပြောင်းပေးထားကြောင်း ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ဟန်မွန်ကို မူးယစ်ဆေးဝါးများ တရားမဝင် လက်ဝယ်ကိုင်ဆောင်မှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း ထိုင်းသတင်းက ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသားဟန်မွန်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူဖြစ်ရာ ခွင့်ပြုချက်မရဘဲ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်နေထိုင်မှုဖြင့် ထပ်မံစွဲချက်တင်ခံရဖွယ်ရှိနေကြောင်း သိရသည်။

Ref; khaophuket

Leave a Reply

Your email address will not be published. Required fields are marked *

Related News