MT News

Written by Tha Doe

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့တွင် အတည်ပြုကြေညာလိုက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ထိုကျပ် ၃၀၀၀၀ ခံစားခွင့်ကို လာမည့်လအောက်တိုဘာမှ စတင်တိုးမြှင့်ပေးမည်ဟု အတည်ပြုချက်ထုတ်ပြန်သည်။

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။ အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ပြီးအဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့်ကိစ္စရပ်အားလုံးသည် ၂၀၂၃ ခုနှစ် အောက်တို ဘာလစာနှင့်အတူ တစ်ပါတည်းရရှိမည်ဖြစ်သည်။

ထိုအပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ကို နိုင်ငံခြားသို့ ပညာသင်သွားရောက်နေသည့် နိုင်ငံ့ဝန်ထမ်းများမှအပ အခြားသော နိုင်ငံ့ဝန်ထမ်းများ သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရရှိမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News