၁၉၉၆ ခုနှစ်က အသတ်ခံခဲ့ရသူ ရက်ပ်အဆိုတော် တူပက် ရှာကူး

MT News

Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုတွင် ရက်ပ်သီချင်းဆိုသူ တူပက်ရှာကူးအား ၁၉၉၆ ခုနှစ်အတွင်းက သတ်ဖြတ်ခဲ့သူ လူသတ်တရားခံကို လူသတ်မှုဖြစ်ပွား၍ ၂၇ နှစ်အကြာ စက်တင်ဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

တရားခံဖြစ်သူ ဒူနီ ဒေးဗစ်က ၁၉၉၆ ခုနှစ်၊စက်တင်ဘာ ၇ ရက်ညတွင် တူပက်ရှာကူး BMW ကားတစ်စီးနှင့် လိုက်ပါလာစဉ် Cadillac ကားတစ်စီးဖြင့် ၎င်း၏ကားဘေးသို့ရောက်လာကာ ရှာကူးအား သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့အသတ်ခံရစဉ်က ရက်ပ်အဆိုတော် ရှာကူးမှာ အသက် ၂၅ နှစ်သာ ရှိသေးသည်။

တရားခံဖြစ်သူ ဒူနီဒေးဗစ်အား စုံစမ်းထောက်လှမ်းမှုများအရ ထိုလူသတ်မှုတွင် အဓိကသံသယရှိရသူ လေးဦးအနက်တစ်ဦးအဖြစ် စုံထောက်များက ယူဆခဲ့ကြသည်။ ဒေးဗစ်ကမူ ထိုလူသတ်မှုတရားခံမှာ ၎င်း၏တူဖြစ်သော လွန်ခဲ့သောနှစ်နှစ်က ရန်ဖက်ဒုစရိုက်အဖွဲ့တစ်ခု၏ သတ်ဖြတ်ခံခဲ့ရသည့် အန်ဒါဆန်၏လက်ချက်ဖြစ်ကြောင်း၊ ၎င်းသတ်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့ သည်။

အန်ဒါဆန်က ရှာကူး၏ပြိုင်ဘက်တစ်ဦးလည်းဖြစ်ကာ ထိုသို့ပစ်ခတ်လူသတ်မှုမဖြစ်မီ ရှာကူးနှင့်ကာစီနိုရုံတစ်ခုတွင် ရန်ပွဲ‌ ဖြစ်ခဲ့သေးသည်။ အန်ဒါဆန်က ကားနောက်ခန်းတွင် ပါလာပြီး သေနတ်တစ်လက်လည်းပါလာကြောင်း၊ မိမိက ကားရှေ့ခန်းတွင်ဖြစ်ကြောင်း ဒေးဗစ် က ပြောခဲ့သည်။ သို့သော် ၎င်းအသတ်မခံရမီက ရဲကစစ်ဆေးရာတွင် အန်ဒါဆန်ကလည်း ရှာကူးအားသတ်မှု၌ ၎င်းပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

အသက် ၆၀ ရှိပြီဖြစ်သော ဒေးဗစ်အား လာ့စ်ဗီးဂါးစ်မြို့ ၌ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Ref—–Marca, Toronto Sun

Leave a Reply

Your email address will not be published. Required fields are marked *