MT News
၃၀.၉. ၂၀၂၃

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့တွင် အတည်ပြုကြေညာလိုက်သည်။

နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမည်ဖြစ်သည်။

အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့်ကိစ္စရပ်နှင်စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့် ကြေညာစာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *