၃၀.၉.၂၀၂၃.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ နာခွန်ရတ်ချာဆီမာပြည်နယ်အတွင်း Bua Yai ခရိုင်၌ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အသီးသီးရှိကြသော ဆယ် ကျော်သက် မိန်းကလေးငယ်နှစ်ဦးက အသက် ၁၅ နှစ်အရွယ် အခြားမိန်းကလေးကျောင်းသူတစ်ဦးကို ခရိုင်အတွင်းရေကန်တစ်ခုတွင် အနိုင်အထက်ပြု၍ ရေနှစ်သတ်ဖြတ်ခဲ့ကြကြောင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးနှစ်ဦးအနက် တစ်ဦး၏ရည်းစားဖြစ်သူ ယောင်္ကျားလေးက အသတ်ခံရသူမိန်းကလေးနှင့် ရင်းနှီးလာမှုအပေါ် မကျေမနပ် မနာလိုဖြစ်ကာ ဤသို့သတ်ဖြတ်ခဲ့ကြခြင်းဟုလည်း သိရသည်။

Bua Yai ခရိုင် ရဲတပ်ဖွဲ့စခန်းအကြီးအကဲဖြစ်သည့် ရဲမှူးကြီး သက်ချာပွန်ဆုန်ဆန်နှင့် ရဲအရာရှိများက ခရိုင်အတွင်း ဘွန်ဟာရိုင် ရေကန်၌ဖြစ်ပွားခဲ့သော အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ရာဇဝတ်မှုစွဲဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် လူသတ်တရားခံနှစ်ဦး၏အမည်များကိုမူ မဖော်ပြခဲ့ချေ။ ဒေသခံပြည်သူများကမူ လူသတ်မှုဖြစ်ရာနေရာသို့ စုရုံးကာ လူသတ်ကောင်မိန်းကလေးနှစ်ဦးအား ဆဲဆိုခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဗီဒီယိုတစ်ခုကိုစစ်ဆေးအပြီးတွင် တရားခံမိန်းကလေးနှစ်ဦးအား စက်တင်ဘာလ ၂၉ ရက် ညနေပိုင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အနီးကပ်ရိုက်ကူးချက် ဗီဒီယိုတစ်ခုကိုစစ်ဆေးချက်တွင် ထိုလူသတ်မိန်းကလေးနှစ်ဦးက ခရိုင်အတွင်းသေဆုံးသူမိန်းကလေး၏အိမ်သို့ စက်တင်ဘာ ၂၇ ရက် ညနေတွင် ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာကြသည်ကို တွေ့ရသည်။ ထို့နောက် ၎င်းတို့က သေဆုံးသူ မိန်းကလေးအား ရေကန်သို့ခေါ်သွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ စက်တင်ဘာ ၂၈ ရက်နံနက်တွင် ထိုမိန်းကလေး၏အလောင်းက ရေကန်အတွင်း ပေါလောမျောနေသည်ကို တွေ့ကြရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့စုံစမ်းချက်များအရ အသတ်ခံရသူမိန်းကလေးနှင့် ခရိုင်အတွင်းကျောင်းတစ်ကျောင်းတွင် Grade-9 ကျောင်းသားတစ်ဦးဖြစ်သော တရားခံမိန်းကလေးနှစ်ဦးအနက်တစ်ဦး၏ ရည်းစားဖြစ်သူယောင်္ကျားလေးက ထိုမိန်းကလေးတို့ ရင်းနှီးလာမှုအပေါ် မကျေနပ်၊ မနာလိုဖြစ်ကာ သတ်ဖြတ်ခဲ့ခြင်းဟုသိရသည်။ ၎င်းတို့က ထိုမိန်းကလေးအားရေကန်အတွင်းနှစ်မြုပ်၍ အသက်မရှုနိုင်ပြုလုပ်ကာ သတ်ဖြတ်ခဲ့ကြခြင်းဟုလည်း သိရသည်။

ဒေသခံများ၏ယုံကြည်မှု ဓလေ့ထုံးတမ်းများအရ သေဆုံးသူမိန်းကလေး၏ မိခင်နှင့်ဆွေမျိုးများက အချင်းဖြစ်ပွားရာနေရာ ရေကန်ဘေးတွင် အသတ်ခံရသူမိန်းကလေး၏ဝိဉာဉ်အား အိမ်သို့ပြန်လာရန် ပင့်ခေါ်ဆုတောင်းနေကြကြောင်းလည်း တွေ့ရသည်။

Ref—– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *