၃၀.၉.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်က Gas ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား ၄ ဦးနှင့် အမျိုး သမီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်း ၉ နာရီ ၄၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်၊ (၅)ရပ်ကွက်၊ အောက်ပုစွန်တောင်လမ်းရှိ Gas ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မီးသတ်ကားလည်း သိပ်မသွားဘူး။ မီးလည်း မများပါဘူး။ ဝါယာရှော့ခ်လို့ ကြားပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့လည်း မလှုပ်တော့တာပါ။ ဒဏ်ရာ ဘာကြောင့်ရသွားလည်း ဆိုတာတော့ အတိအကျမသိရသေးပါဘူး” ဟု ဒေသခံပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်တွင် ပုစွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၇ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *