MT News

Written by Naing Thuta

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ညဦးပိုင်းက လျှပ်စစ်ပန်ကာ ကွိုင်အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ည ၇ နာရီ ၅၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၈ နှစ်အရွယ်အမျိုးသမီးပိုင်ဆိုင်သည့် နှစ်ထပ်နေအိမ်အပေါ်ထပ်၌ လျှပ်စစ်ပန်ကာ ကွိုင်အပူလွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၅ စီးဖြင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်း၀န်းငြှိမ်းသတ်ခဲ့သဖြင့် ည ၇ နာရီ ၅၈ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် မွေ့ယာနှင့် ဗီရိုမီးလောင်ကျွမ်းသွားပြီး ကာလတန်ဖိုး ၁ သိန်းကျပ်ခန့် ဆုံးရှူံးပျက်စီးခဲ့သဖြင့် မီးပေါ့ဆစွာအသုံးပြုသည့် အိမ်ပိုင်ရှင်အမျိုးသမီးအား အမှုဖွင့်အရေးယူရန်ဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News