MT News

Written by Thettant

အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ကို အကောင်းဆုံးတတိယနေရာကနေ မြန်မာ ယူ ၂၄ အသင်း တက်ရောက်သွားခဲ့ပြီး ဂျပန်အသင်းနဲ့ တွေ့ဆုံရာမှာတော့ ၇ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။

၁၉၇၄ ပြိုင်ပွဲနောက်ပိုင်း ၁၆ သင်းအဆင့်ဆီကို ပထမဆုံး ပြန်လည်တက်ရောက်နိုင်ခဲ့တာကြောင့် မျှော်မှန်းချက်အကြီးကြီးထားခဲ့ပေမဲ့လည်း ထိပ်တိုက်တွေ့နေတာက ဂျပန်ဆိုတဲ့အချိန်မှာ ရှုံးမှာပဲလို့ တွေးမိခဲ့ကြသလို ဂဏန်းနှစ်ခုလောက်ကို ဂိုးပြတ်မယ်ထင်ပေမဲ့ ၇ ဂိုးလောက်ပဲရှုံးတာ တော်သေးတယ်ပြောရမှာပါ။ သေချာတာကတော့ ​အာဆီယံမှာပါ နိမ့်ပါးလာတဲ့ မြန်မာ့ဘောလုံးအသင်းဟာ အာရှအဆင့်မှာတော့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာကပဲ ကံအလွန်ကောင်းခဲ့တယ် ပြောရမှာပါ။

မြန်မာအမျိုးသမီးအသင်းကတော့ ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်မှ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပေမဲ့ ၃ ဂိုးပြတ်ရှုံးပြီးတော့ကို သံယောဇဥ်ဖြတ်လာခဲ့တာကြောင့် အကောင်းဆုံးအုပ်စုတတိယအဆင့်နဲ့ကို ၁၆ သင်းအဆင့်ဆီ မသွားနိုင်တော့ဘဲ အုပ်စုကပဲ လှည့်ပြန်ခဲ့ရတာပါ။

ဒီနေ့အရှုံးတွေဟာ ဘာတစ်ခုမှဆင်ခြေပေးစရာမလိုအောင်ကို ရှုံးသင့်လို့ရှုံးခဲ့တာဖြစ်ပြီး မြန်မာ့အားကစား စင်မြင့်ပေါ်ပြန်ရောက်ဖို့ဆို လက်ရှိအရိုးစွဲနေတဲ့စနစ်တွေကစ မြေလှန်ရတော့မဲ့ အခြေအနေလို့ပဲ ပြောရတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *