MT News

ကျောက်ပန်းတောင်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုများအနက် အဆိုးရွားဆုံးယာဥ်တိုက်မှုအဖြစ် Canter ၊ ပုဂံမင်းသားနှင့် သန်မြန်သူအဝေးပြေးယာဥ်လိုင်း သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး ကနဦးတွင် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

”တန်းကျိုးပြီးရပ်ထားတဲ့ကားကို ပုဂံမင်းသားက ဝင်တိုက်မိပြီးတော့ သန်မြန်သူနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာပေါ့။ ကျောက်ပန်းတောင်းမှာတော့ တစ်ခါမှကို အဲဒီလိုမတွေ့ဖူးဘူး” ဟု ယာဥ်တိုက်မှုအား Live လွှင့်နေသူ Ko Thet Win ၏ Live တွင် ပြောထားသည်။

အဆိုပါ ယာဥ်တိုက်မှုမှာ ကျောက်ပန်းတောင်းနှင့် မိတ္ထီလာကြား ဇီးဖြူကုန်းရွာအနီးတွင် ယနေ့ည ၈ နာရီ ၅၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦး သေဆုံးသူ ၁၂ ဦးရှိသည်။

”Canter ကားက ပျက်လို့ ရပ်ထားတာ။ အဲဒီနားက ကွေ့အဆင်းလေး။ အဲဒီမှာ သုံးစီးဆင့်တိုက်မိတာ။ Express နှစ်စီးက အတက်အဆင်းထိပ်တိုက်တိုးမိတာ။ ပုဂံမင်းသားကတော့ ရန်ကုန်အတက်ကား” ဟု ယာဥ်တိုက်မှုမြင်တွေ့ခဲ့သူ ကိုဖြိုးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News