MT News

၂၇. ၉. ၂၀၂၃

ဘရတ်ဖို့ဒ် ဝ – ၂ မစ်ဒယ်ဘရော့

အိတ်စ်တာစီးတီး ၁ – ၀ လူတန်တောင်း

အစ်ဆွစ်ချ် ၃ – ၂ ဝုလ်ဗ်

မန်းစ်ဖီးလ် ၂ – ၂ ပီတာဘရော့ (ပင်နယ်တီ ၃-၁)

ပို့တ်ဗေးလ် ၂ – ၁ ဆပ်တန်တောင်း

ဆဲလ်ဖို့ဒ် ဝ – ၄ ဘန်လေ

မန်ယူ ၃ – ၀ ခရစ္စတယ်ပဲလေ့စ်

◾ ကစားပုံမကောင်း၊ ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲ​တွေကြုံနေရလို့ ဝေဖန်ခံနေရတဲ့ မန်ယူအသင်းဟာ လူငယ်တွေနဲ့ ပွဲထွက်လာခဲ့ပေမဲ့ Old Trafford မှာ ပထမဆုံးပါဝင်လာခဲ့တဲ့ အမ်ရာဘတ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ကာစီမီရိုတို့ ကိုယ့်ဂိုးကိုယ်သွင်းနေကြ မက်ဂွိုင်းယားတို့ပါ ပေါ်လွင်စေခဲ့တာပါ။ ဒါကြောင့်လည်း ပထမပိုင်းမှာတင် ဂါနာချို၊ ကာစီမီရိုတို့သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရထားသလို ဒုတိယပိုင်းမှာလည်း မာရှယ်ရဲ့ သွင်းဂိုးနဲ့ ပဲလေ့စ်ကို သက်သောင့်သက်သာအနိုင်ယူခဲ့တာပါ။

◾ ပရီးမီးယားလိဂ်က ဝုလ်ဗ်တို့ကတော့ ချန်ပီယံရှစ်က အစ်ဆွစ်ကို ပထမပိုင်း ၄ မိနစ်နဲ့ ၁၄ မိနစ်မှာ နှစ်ဂိုးပြတ်သွင်းပြီးမှ အစ်ဆွစ်က ၂၈ မိနစ်၊ ၃၉ မိနစ်နဲ့ ၅၈ မိနစ်မှာ သုံးဂိုးပြန်သွင်းပြီး အနိုင်ယူသွားခဲ့လို့ ဂိုးပြတ်နိုင်ပြီဆိုပြီး ပြိုင်ဘက်ကိုအထင်သေးခဲ့တဲ့ ဝုလ်ဗ်တို့ အရှုံးနဲ့ပြန်ခဲ့ရတာပါ။

◾ ကရာဘောင်းဖလား စတုတ္ထအဆင့်မဲခွဲပွဲကို ဒီနေ့ည ယှဥ်ပြိုင်ကစားမဲ့ ပွဲစဥ်တွေအပြီး မဲခွဲသွားမှာဖြစ်ပြီး ဒီနေ့ညမှာလည်း နယူးကာဆယ်နဲ့ မန်စီးတီး၊ အက်စတွန်ဗီလာနဲ့ အဲဗာတန်၊ ချဲလ်ဆီးနဲ့ ဘရိုက်တန်၊ လီဗာပူးနဲ့ လက်စတာ၊ ဘရန့်ဖို့တ်နဲ့ အာဆင်နယ်တို့လို့ ကြည့်ကောင်းဦးမဲ့ အသင်းကြီးအသင်းကောင်းတွေ ပါဝင်နေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *