MT News

Written by Tha Doe

MRTV Media Application ၏ Logo ကို profile ပုံ အဖြစ်လည်းကောင်း၊ MRTV ၏ logo အဟောင်း ကို Cover photo အဖြစ်လည်းကောင်း ရယူတုပ အသုံးပြု၍ “Myanmar Radio and Television” အမည် Facebook Page ဖြင့် ညစ်ညမ်း ပစ္စည်းများ ရောင်းချနေမှုကို စိစစ်တွေ့ရှိရပြီး ထိုသို့ လုပ်ဆောင်နေမှုကို တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူအတွက် ထုတ်လွှင့်ဝန်ဆောင်မှုပေးလျှက်ရှိသည့် MRTV HD နှင့် ဆက်စပ်ရုပ်သံလိုင်းများ၏ ရုပ်သံအစီအစဉ်များ ကို MRTV Media Application တွင် အကြောင်းအရာအလိုက် ကဏ္ဍခွဲ (၁၁)ခုဖြင့် ထုတ်လွှင့်ဖော်ပြလျှက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News