၁၅. ၉. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA – ဖီဖာ)က ၂၀၁၆ ခုနှစ်ကစပြီး အကောင်းဆုံးကစားသမားတွေနဲ့ နည်းပြတွေအတွက် ဆုပေးအပ်ချီးမြှင့်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ကမ္ဘာ့ထိပ်တန်းကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အမ်ဘာပေနဲ့ ဟာလန်းတို့ ပါဝင်နေပြီး စပိန်က ဘွန်မာတီကတော့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရရှိပြီးနောက် FIFA ရဲ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမား ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုအတွက် မက်ဆီ၊ အမ်ဘာပေနဲ့ ဟာလန်းတို့အပါအဝင် ဆန်ကာတင် စုစုပေါင်း ၁၂ ယောက်ရွေးချယ်ထားခြင်းဖြစ်ကာ အဲ့ဒီ ဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ဖူးတဲ့ ရော်နယ်ဒိုကတော့ ဒီနှစ်အတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ရွေးချယ်ထားတဲ့ ဆန်ကာတင်စာရင်း ၁၂ ယောက်ထဲမှာ ထက်ဝက်ကတော့ ၂၀၂၂- ၂၀၂၃ ရာသီမှာ ဖလားသုံးလုံး ရရှိခဲ့တဲ့ မန်စီးတီးအသင်းက ကစားသမားတွေ ဖြစ်ကြပြီး မန်စီးတီးအသင်းရဲ့ စပိန်မန်နေဂျာ ပက်ဂွါဒီယိုလာကလည်း အကောင်းဆုံး အမျိုးသား နည်းပြအဖြစ် ဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေပါတယ်။

၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့အတွက် FIFA ရဲ့ အကောင်းဆုံးအမျိုးသား ဘောလုံးသမားဆုကို ရရှိခဲ့တဲ့ မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာလည်း ထိပ်တန်းမှာရှိနေပေမဲ့ အားကောင်းတဲ့ပြိုင်ဖက်တွေဖြစ်တဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့လို့ ကစားသမားတွေနဲ့လည်း ယှဉ်ပြိုင်ရဦးမှာပါ။

အဋ္ဌမအကြိမ်မြောက် ဆုပေးပွဲအတွက် Vote ပေးခြင်းကို FIFA.com မှာ စက်တင်ဘာလ ၁၄ ရက်က စတင်ကာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလလယ်မှာ Vote ပေးခြင်း ပိတ်မှာဖြစ်ကာ The Best FIFA Football Awards 2023 ဆုပေးပွဲ ကျင်းပမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

Ref; Reuters, Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *