မက်ဆီကို တားဆီးရန်ကြိုးပမ်းနေသော ဂီလ်ဘာတို။
MT News
Written by Pan Ei
ပနားမားလက်ရွေးစင်အသင်းရဲ့ နောက်ခံလူ ဂီလ်ဘာတို ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကိုလွန်မြို့မှာ ပစ်သတ်ခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ပနားမားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Atlético Independiente de La Chorrera ကလပ်အသင်း အတွက် ကစားနေတဲ့ ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ မတ်လမှာ ပထမဆုံးပွဲထွက်ကစားပြီးနောက် နိုင်ငံတကာပွဲနှစ်ပွဲ ကစားခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးကလပ်ပွဲကတော့ ဩဂုတ်လ ၂၃ ရက်က ရီးယဲလ်အက်စတယ်လီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဗဟိုအမေရိကဖလားပွဲစဉ်ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ Colón မြို့အလယ်ပိုင်းက လမ်းတစ်လမ်းမှာ သူငယ်ချင်းတွေနဲ့အတူရှိနေချိန် တက္ကစီတစ်စီးပေါ်ကနေ တိုက်ခိုက်သူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဟာနန်ဒက်ဇ်အပြင် တခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကာ ကျူးလွန်သူတရားခံတစ်ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပနားမားနိုင်ငံက လူဦးရေ သုံးသိန်းလောက်ရှိတဲ့ Colón ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က လူသတ်မှု ၁၀၂ ခု မှတ်တမ်းတင်ခဲ့ပြီး အာဏာပိုင်တွေကတော့ အကြမ်းဖက်မှုအများစုကို မူးယစ်ဂိုဏ်းတွေအပေါ် အပြစ်တင်ကြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီတဲ့ အသင်းသားတစ်ဦးဖြစ်ခဲ့တဲ့ ပနားမားလက်ရွေးစင် ကွင်းလယ်ကစား သမား Amílcar Henríquez ဟာလည်း ၂၀၁၇ ခုနှစ်က Colón ပြည်နယ်မှာ ပစ်သတ်ခံခဲ့ရဖူးပြီး ဟာနန်ဒက်ဇ်က ခြောက်နှစ်အတွင်း ဒုတိယမြောက် အသတ်ခံခဲ့ရတဲ့ ပနားမားလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
Ref; The Guardian
