MT News

Written By Thandar

အကြည်တော်ရဲ့ ဟာသဇာတ်လမ်း “ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး” ရုပ်ရှင်ဇာတ်ကား Premier Show ကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက ၂၀၁၆ ခုနှစ် ၈ လပိုင်းက ရိုက်ကူးခဲ့တဲ့ကားလေးပါ။ ကျောက်သင်ပုန်းဆိုတဲ့အတိုင်း ကျေးလက်‌ဒေသရွာလေးကို အခြေခံထားတယ်။ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်ရဲ့ နာမည်လေးကို ပြန်ယူပြီးတော့ ပြေတီဦးကို ဇာတ် ကောင်အနေနဲ့ ဖန်တီးထားတာပါ။ ကျန်တဲ့ သရုပ်ဆောင်တွေက အသစ်တွေပါ။ အကြည်တော်ရေးထားတဲ့ ဟာသမြောက်တဲ့ ဇာတ်လေးပါ။ အရင်ဇာတ်ကားတုန်းက သက်မွန်မြင့်နဲ့ စိုးမြတ်သူဇာတို့နဲ့ ဖန်တီးထားသလို ဒီဇာတ်ကားမှာက သန္တာဗိုတို့ ကလေးတွေ တစ်မျိုးလေး ရိုက်ကူးထားပါတယ် ”လို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။

ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို အကြည်တော်ရေးသားထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ၂၀၁၆ ခုနှစ်ထဲ ပြင်ဦးလွင်ဘက်မှာ ကျေးလက်ဒေသအခြေခံ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ နေမင်း၊ ပက်ထရစ်ရှာ၊ သန္တာဗို၊ အကယ်ဒမီ အောင်ခိုင်၊ ကံ့ကော်ခင်၊ ခင်လှိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ ချစ်လူလူ၊ အကယ်ဒမီ ဝါဝါအောင်၊ အေးသီတာ၊ မိုးမိုး၊ ယုဇန၊ နန်းရွှေအိမ် စတဲ့အနုပညာရှင်တွေ ပါဝင်သရုပ် ဆောင်ထားကြတဲ့ ဒီဇာတ်ကားကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *