၁.၉. ၂၀၂၃

Written by Min Mahar

မူလတန်းပြဆရာမတစ်ဦး ဆိုင်ကယ်ဖြင့် ကျောင်းသို့လာစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိသွားမှု ပခုက္ကူမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁ ရက်)မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် အလယ်တန်းပြဆရာမ(မူလွန်ရေလာလေးကျောင်း)သည် တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ၎င်းနေထိုင်သည့်ကျေးရွာမှ ရေလာလေးကျေးရွာရှိ ကျောင်းသို့ထွက်လာစဉ် ရေလာလေးကျေးရွာ၏ အနောက်ဘက်မီတာ ၂၀၀ ခန့်အကွာသို့အရောက်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဆရာမသည် နောက်ကျောမိုင်းစထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ခြေသလုံးကိုလည်း မိုင်းစထိမှန်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ကမ္မမြို့လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *