၁. ၉. ၂၀၂၃
Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး မြင့်တက်နေသော်လည်း ဒေါ်လာဈေးနှုန်း ၃,၇၀၀ အောက်မှာသာဆက်ရှိနေ၍ ပြည်တွင်းရွှေဈေး အနည်းငယ်သာ ပြောင်းလဲမှုရှိပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၃၀,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။

ဩဂုတ်လ ၂၈ ရက် (တနင်္လာနေ့)တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၁,၉၁၄ ဒေါ်လာသာရှိခဲ့ရာ ယနေ့တွင် တစ်အောင်စကို ၁,၉၄၄ ဒေါ်လာအထိမြင့်တက်ခဲ့ပြီး ငါးရက်အတွင်း ဒေါ်လာ ၃၀ မြင့်တက်ခဲ့သည်။ ယနေ့တွင် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၃,၆၉၀ (၃၇၀၀ အောက်ဝန်းကျင်) မှာပင် ရှိနေ၍ ပြည်တွင်းရွှေဈေးသည်လည်း သိသိသာမြင့်တက်လာခြင်းရှိဘဲ ငါးရက်အတွင်း ကျပ်တစ်သောင်းသာ မြင့်တက်မှုရှိခဲ့သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်၍ ရောက်ရှိခဲ့ပြီး ထို့နောက် ဆက်တိုက်မြင့်တက်ခဲ့ရာ ဩဂုတ်လ ၁၈ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃,၉၀၀ ကျော်နှင့် ရွှေဈေးနှုန်း ကျပ် ၃,၉၇၀,၀၀၀ အထိ မြင့်တက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ်လ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၇၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၃၀ ကျပ်၊ ဩဂုတ်လ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၇၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၈၀ ကျပ်၊ ဩဂုတ်လ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၃,၇၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၃၀ ကျပ်၊ ဩဂုတ်လ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၃,၇၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၁၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *