၁. ၉. ၂၀၂၃
Translated by Htwe Ko Tun

အာဖရိကတိုက်မှ စစ်တပ်အာဏာသိမ်းနိုင်ငံတစ်ခုဖြစ်သော ဘာကီနာဖာဆိုနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားချစ်ကြည်ရေးအဖွဲ့တစ်ဖွဲ့က ဘာကီနာဖာဆိုနိုင်ငံသမ္မတ အီဘရာဟင် ထရောရီ(Ibrahin Traore)နှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေးအတွက် ဩဂုတ် ၃၁ ရက်က ဆွေးနွေးခဲ့ကြကြောင်း ဘာကီနာဖာဆိုနိုင်ငံ သမ္မတရုံးကထုတ်ပြန်ကြေညာခဲ့သည့်။

ရုရှားချစ်ကြည်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ယူနပ်စ် ဘက် ရက်ဗ်ကူရော့ဗ်က ခေါင်းဆောင်ပြီး ဘာကီနာဖာဆိုနိုင်ငံသမ္မတ အီဘရာဟင် ထရောရီနှင့် ရုရှားသမ္မတပူတင်တို့ ဇူလိုင်လအတွင်း စိန့်ပီတာစဘတ်မြို့တွင် စတင်ဆွေးနွေးခဲ့မှု၏ နောက်ဆက်တွဲဆွေးနွေးပွဲလည်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဘာကီနာဖာဆိုစစ်သည်၊ အရာရှိများနှင့် လေယာဉ်မှူးများအပါအဝင် စစ်ဖက်အဆင့် အားလုံးကို ရုရှားတွင်လေ့ကျင့်ပေးရေးနှင့် စစ်ရေးအထောက်အပံ့များပေးရေးတို့လည်းပါဝင်သည်။ ထို့ပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်နျူကလီးယားစွမ်းအင်တို့အတွက်ပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံအနေနှင့် အာဖရိကတိုက်တွင်လည်း နိုင်ငံရေးနှင့်စီးပွားရေးလွှမ်းမိုးမှုများရနိုင်ရန် ဤကဲ့သို့ အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စတင်ဆွေးနွေးလာခြင်းဟုယူဆရသည်။

Ref—- BBC

Leave a Reply

Your email address will not be published. Required fields are marked *