၁. ၉. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ပေါ့ပ်အဆိုရှင် တေလာဆွစ်ဟာ စံချိန်ပေါင်းများစွာချိုးဖျက်ထားပြီး အခုနှစ် နွေရာသီကို လွှမ်းမိုးခဲ့တဲ့ သူမရဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အကြောင်း မှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်နေပြိီပဲဖြစ်ပါတယ်။

“Taylor Swift: The Eras Tour” ကို အောက်တိုဘာ ၁၃ ရက်က စတင်ကာ မြောက်အမေရိက,က ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်တယ်” လို့ တေလာဆွစ်က X( အရင် Twitter) မှာ မနေ့က ကြေညာခဲ့တာဖြစ်ပြီး “Eras Tour ဟာ အခုအချိန်အထိ ကျွန်မဘဝရဲ့ အဓိပ္ပါယ်အရှိဆုံး အတွေ့အကြုံဖြစ်ပြီး မကြာခင်မှာ ကြီးမားတဲ့ပိတ်ကားပေါ်ကို ရောက်ရှိလာတော့မယ်ဆိုတာကို ပြောပြရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲရုပ်ရှင် ပြသတော့မယ့် အစီအစဉ်ဟာ AMC Entertainment၊ Cineplex နဲ့ Cinemark လိုမျိုး ရုပ်ရှင်ရုံတွေမှာ ဟောလီးဝုဒ်က သရုပ်ဆောင်တွေနဲ့ စာရေးဆရာတွေ သပိတ်မှောက်နေတာကြောင့် ရုပ်ရှင်တွေရုံတင်ဖို့ လစ်ဟာနေတာကို ဖြည့်ဆည်းရာမှာလည်း အထောက်အကူဖြစ်စေနေပါတယ်။

တေလာဆွစ်ရဲ့မှတ်တမ်းရုပ်ရှင်လက်မှတ်ဈေးတွေအနေနဲ့ သူမရဲ့ “1989” သီချင်း အယ်လ်ဘမ်ကို အစွဲပြုပြီး အရွယ်ရောက်ပြီးသူတွေအတွက် လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈၉၊ ကလေးတွေအတွက်ကတော့ သူမရဲ့ကံကောင်းစေတဲ့နံပါတ် ၁၃ ကို အစွဲပြုပြီး ၁၃ ဒသမ ၁၃ ဒေါ်လာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *