၁. ၉. ၂၀၂၃
Written By Thandar

ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “မထိရ – မကိုင်ရ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို ရန်ကုန်မြို့ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ သုံးယောက်လုံး အရမ်းချစ်ကြလို့ ရူးသွပ်တဲ့ ကာရိုက်တာမျိုးလေးနဲ့ ရိုက်ကူးမှာပါ။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေက တစ်ယောက်နဲ့ တစ်ယောက်က အချစ်တွေ မတူကြဘူးပေါ့။ အရမ်းကြီးချစ်သွားရင် အတ္တတွေကြောင့် ဒုက္ခရောက်နိုင်တယ်ဆိုတာ ပြသွားမှာပါ။ဒီဇာတ်လေးကို ကြိုက်ဖို့ ရိုက်ဖို့ စီစဥ်ထားတာ တော်တော် ကြာပါပြီ။ ဇာတ်လမ်းလေး လက်ထဲရောက်နေတာလည်း ကြာပါပြီ။ ခုမှ အကောင်အထည်ဖော်ဖြစ်မှာပါ။ အကောင်းဆုံးလည်း ကြိုးစားဖန်တီးသွားပါမယ်”လို့ ဒါရိုက်တာ ထက်ကြီး (Xtet Gyi)က MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-01_11-25-16-799x1024.jpg

ဝတ္ထု ၊ ဇာတ်ညွှန်း လုံမ ရေးသားထားပြီး ဒါရိုက်တာ ထက်ကြီး (Xtet Gyi) က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော် သွားမှာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် အနေနဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ ရွှေထူး ၊ တိုင်ရွန် ၊ နော်ဖောအယ်ထား ၊ နေဆန်း၊ အောင်ခိုင်၊ ဝါဝါအောင်၊ ခင်အုံးမြင့်၊ ရတနာခိုင်၊ အိမ့်ခြူးမေကျော်ဝင်းမောင်၊ စိုးကြီး၊ ဇော်ဟိန်း၊ ယမင်း ကျော်၊ ထွန်းထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“မထိရ – မကိုင်ရ ဆိုတဲ့အတိုင်း ဒရာမာ ဇာတ်လမ်းလေးပါ။ ထိမိရင် မီးပွင့်သွားမှာပေါ့နော်။ ကာရိုက်တာက ကိုယ်ချစ်တဲ့သူနဲ့ မိဘသဘောတူတဲ့ နှစ်ယောက်ကြားမှာ ဗျာများရတယ်။ Plot လေးတွေပါတယ်။ ကိုရွှေထူးနဲ့ တိုင်ရွန်တို့ သုံးယောက် အပြိုင်လေး ရိုက်ရမှာပါ။ အိမ်ထောင်ရေး ဇာတ်လမ်းပုံစံလေးဆိုပေမယ့် ပုံစံမတူ အခင်းအကျင်းလေးတွေပါပါတယ်။ ဒီဇာတ်ကားက ညီမတို့ နှစ်ယောက်တွဲရိုက်ဖြစ်တဲ့ ပထမဦးဇာတ်ကားလေးပါ”လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *