၁. ၉. ၂၀၂၃
Written by Pan Ei

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက မြန်မာနိုင်ငံမှာ ကေမင်းသားလို့ ခေတ်စားခဲ့သလို နာမည်ကြီး တောင်ကိုရီးယားဒရမ်မာ Moon Lovers ထဲက ဇာတ်ဆောင်မင်းသား Lee Joon Ki ဟာ ထမင်းနဲ့ ဂျုံမစားတော့တာ ၇ နှစ်ရှိပြီဆိုတာကို မကြာသေးမီက အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဝန်ခံခဲ့ရာ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါတယ်။

အသက် ၄၀ ကျော်တဲ့အထိ နုပျိုလွန်းနေခဲ့တဲ့ မင်းသား Lee Joon Ki ဟာ tvN က ထုတ်လွှင့်တဲ့ Yoo Jae Suk နဲ့ Jo Se Ho ဦးဆောင်တင်ဆက်တဲ့ ‘You Quiz on The Block’ ရှိုးမှာ အထူးဧည့်သည်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူဟာ အဲ့ဒီ ရှိုးမှာ သူ့ရဲ့အက်ရှင်သရုပ်ဆောင်မှုတွေအတွက် ကာဗိုဟိုက်ဒရိတ် မစားခဲ့တာ ခုနစ်နှစ်ရှိပြီဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်တာကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့တာဖြစ်ပြီး ကာဗိုဟိုက်ဒရိတ် ရှောင်ပြီး ပထမ ၁ နှစ်ကနေ ၂ နှစ်လောက်အထိ ခံစားခဲ့ရပေမဲ့ ကြာလာတော့ အရမ်းကောင်းပြီး ခန္ဓာကိုယ် ပေါ့ပါးသွားတယ်လို့ သူက ရှင်းပြပါတယ်။ Lee Joon Ki ကတော့ လက်ရှိမှာ ထမင်းနဲ့ ဂျုံကို ရှောင်ပြီး တိုဟူးကိုပဲ သူ့ရဲ့ အဓိက အစားအစာအဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Lee Joon Ki ဟာ ဒဏ္ဍာရီလာရှေးဟောင်းနယ်မြေ Arth အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့ နာမည်ကြီး ဒရမ်မာရဲ့ ဒုတိယ Season “Arthdal ​​Chronicles: The Sword of Aramun” မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး အဲ့ဒီဒရမ်မာဟာ လာမယ့် စက်တင်ဘာ ၉ ရက်မှာ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *