၁. ၉. ၂၀၂၃
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်နယ်မြေအတွင်း ကွီဇုန်စီတီးရှိ တန်ဒန် ဆိုရာခရိုင်တွင် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံငယ်တစ်ခုအဖြစ် အသုံးချနေသော အိမ်တစ်လုံး၌ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။

ခရိုင်မီးသတ်အကြီးအကဲ မာဆယ်လို ရာဂွန်ဒီယက်ဇ် က မီးလောင်ကျွမ်းစဉ် အိမ်အတွင်း လူ ၁၈ ဦးရှိသည့်အနက်အိမ်ရှင်အပါအဝင်သုံးဦးသာ အိမ်ပြင်သို့ ထွက်ပြေးနိုင်ခဲ့ပြီး အိမ်ရှင်၏ ကလေးမှာလည်း မီးလောင်ကျွမ်းခံရသူများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ အိမ်ကို တီရှပ် များထုတ်လုပ်ရာ စက်ရုံအဖြစ် အသုံးချနေခြင်းဖြစ်ကာ အဆောက်အအုံ၏ အလယ်တွင် မီးစတင်လောင်ကျွမ်းခဲ့သောကြောင့် အများအပြားမှာ ထွက်မပြေးနိုင်ဘဲ သေဆုံးရခြင်းဟု ၎င်းကဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-01_10-46-49.jpg

မီးက နံနက် ၅ နာရီခွဲတွင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်မှသာ မီးကိုထိန်းချုပ်နိုင်ခဲ့သည်။ မီးလောင်ကျွမ်းသေဆုံးရသူအများစုမှာ အဆောက်အအုံအတွင်းပိုင်းတွင် အိပ်ပျော်နေကြသော အလုပ်သမားများနှင့်လက်သမားများဖြစ်ကြကာ ၎င်းတို့အလောင်းများက မီးလောင်ကျွမ်းပြီးတူးခြစ်နေသည်ကို တွေ့ရသည်။

မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။

Ref—–Manila Times

Leave a Reply

Your email address will not be published. Required fields are marked *