၃၁. ၈. ၂၀၂၃
Written by Pan Ei

မကြာသေးမီက ထိုင်းလူမှုကွန်ရက်မီဒီယာတစ်ခုပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ တီကောင် Spa ကိုယ်လက်အညောင်းအညာပြေပြုစုကုသခန်း ဟာ တီကောင်ကို လူခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးက အရေပြားပေါ်မှာ တင်ထားရုံနဲ့ ခန္ဓာကိုယ်က အကြောတွေကို ပြေလျော့စေပြီး အရေပြားကိုလည်း အစိုဓာတ်ပြည့်ဝစေကာ ချောမွေ့စေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာကြောင့် နာမည်ကြီးလာခဲ့ပါတယ်။

တီကောင် Spa မှာ အစားအစာနဲ့ ဥယျာဉ် အမှိုက်တွေကို ချေဖျက်ပြီး အာဟာရကြွယ်ဝတဲ့ မြေဆီလွှာကို ထုတ်ပေးတဲ့ Tiger Earthworm (ကျားတီကောင်) တွေကို အသုံးပြုတာဖြစ်ပြီး တီကောင် အမြောက်အမြားကို လူ့ခန္ဓာကိုယ်အရေပြားပေါ်တင်ပြီး ကုသပေးတာပါ။

This image has an empty alt attribute; its file name is photo_2023-08-31_16-14-43.jpg

ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ချင်းမိုင်မြို့က မယ်ဂျိုတက္ကသိုလ်ရဲ့သဘာဝ လယ်ယာစိုက်ပျိုးရေးစင်တာရဲ့ ဒါရိုက်တာ Arnat Tancho ဟာ တီကောင်တွေက ခန္ဓာကိုယ်စနစ်အတွင်း ညစ်ညမ်းမှု ဖြစ်စေနိုင်တာတွေကို ထောက်ပြပြီး တီကောင် Spa ရေပန်းစားလာမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တီကောင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Arnat က ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့နဲ့ ခန္ဓာကိုယ် အရေပြားမျက်နှာပြင်ကို ပြန်လည်ပြုပြင်ဖို့အတွက် တီကောင်တွေကိုအသုံးပြုလို့ ရနိုင်ပေမဲ့လည်း တီကောင်တွေဟာ ခန္ဓာကိုယ်ထဲကို အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ ဝင်ရောက်စေနိုင်တဲ့အပြင် တီကောင်တွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ အဏုဇီဝမျိုးစိတ်ပေါင်း ၅၀၀ ကျော် ရှိတယ်လို့ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-31_16-14-43-2.jpg

သေးငယ်တဲ့ အဲ့ဒီဇီဝသက်ရှိအချို့ဟာ အကျိုးကျေးဇူးတွေပေးနိုင်ပေမဲ့ အခြားအရာတွေက လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။

တီကောင် Spa ဟာ ကျန်းမာရေးအတွက် လုံးဝမလုံခြုံပေမဲ့ လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ကလည်း အရေးကြီးတယ်လို့ Arnat က အလေးပေးပြောကြားခဲ့ပြီး ကျန်းမာရေးပြဿနာရှိသူတွေနဲ့ ခုခံအားစနစ် ကျဆင်းနေသူတွေကိုတော့ အဲ့ဒီ Spa ကိုရှောင်ဖို့ ပြင်းပြင်းထန်ထန် အကြံပြုထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *