၃၁. ၈. ၂၀၂၃
Written By Thandar

ဝါးခယ်မရဲ့ မျိုးဆက်သစ် နီလာရဲမောင်က တေးသီချင်းတွေ သီဆိုမှု ဖန်တီးဖြစ်တဲ့အကြောင်းရင်းကို ဂီတမျိုးဆက်ဘယ်လောက်ထိ လက်ဆင့် ကမ်းနိုင်တယ်ဆိုတာ မှတ်တမ်းတစ်ခုကျန်ချင်လို့ သီချင်းတွေ ဆိုဖြစ်တာပါလို့ MT News က တဆင့်ပြောလာပါတယ်။

“ကျွန်မက အဖေရဲ့ အမွေကို ထိန်းသိမ်းတဲ့အနေနဲ့ အဖေသီချင်းလေး တစ်ပုဒ်ထွက်ခဲ့တယ်။ ပထမတော့ သီချင်းတွေ မလုပ်တော့ဘူး စဥ်းစားထားပေမယ့် မလုပ်ရင်လည်း မှတ်တမ်းတစ်ခုဖြစ်လာမှာ မဟုတ်ဘူးလေ။ မှတ်တမ်းလေး တစ်ခုကျန်ခဲ့ချင်လို့ သီချင်းလေး ဆိုဖြစ်တာပါ။ ခုခေတ်ကာလမှာ ကျော်ကြားချင်လို့ အဖေ သီချင်းတွေကို ပြန်ဆိုတာလည်း မဟုတ်ပါဘူး။ မကြီးမေရွက်ဝါလည်း ဆိုခဲ့တာမို့ အဖေသီချင်းကို ပြန်ဆိုပြီးတော့ ညီမတို့မိသားစုရဲ့ ဂီတမျိုးဆက်ဘယ်လောက်ထိ လက်ဆင့် ကမ်းနိုင်တယ်ဆိုတာ မှတ်တမ်းတစ်ခုကျန်ချင်လို့ သီချင်းတွေ ဆိုဖြစ်တာပါ”လို့ တေးသံရှင် နီလာရဲမောင် က MT News ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-31_15-27-44-1024x806.jpg

နီလာရဲမောင်က မနက်ဖန် စက်တင်ဘာလ ၁ ရက်မှာ တေးရေး ကိုအေး(ပခုက္ကူ) ကရေးသားပေး ထားတဲ့ ကိုယ်ပိုင်သံစဥ်သစ် “ဒီစကားလေးတော့ နားထောင်ပါ” Music Video ထွက်ရှိသွားမှာလည်း ဖြစ်ပါ တယ်။ သူမအနေနဲ့ ဖခင်ရဲ့ တေးသီချင်းဖြစ်တဲ့ “တကယ်ချစ်ရဲ့လား” Music Video ကို သြဂုတ်လဆန်းပိုင်းက ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

“ဒီစကားလေးတော့ နားထောင်ပါ” ဒုတိယမြောက်သီချင်းလေးထွက်ဖို့ လုပ်နေတာပါ။ သီချင်းသစ် ကိုယ်ပိုင်သံစဉ်လေးပါ။ မိန်းကလေး ဘက်ကို ရပ်တည်တဲ့သီချင်းလေးပါ။ ကိုယ့်ယောက်ျားအပြင်ထွက် အရက်သောက်တာလည်း မကြိုက်ဘူး၊ မိန်းကလေးတွေ မြင်လို့ရှိရင်ကြည့်တာ မကြိုက်ဘူး၊ မိန်းမ သဝန်တိုတာပေါ့။ ဇာတ်လမ်း ဇာတ်အိမ်လေး ဒီသီချင်းလေးကို ကိုဒေါင်းဝေနဲ့ ပုံဖော်ရိုက်ကူးထား ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-31_15-27-43-845x1024.jpg

သူမကတော့ ဖခင်ဖြစ်သူ ဝါးခယ်မရဲမောင် နဲ့ အမဖြစ်သူ မေရွက်ဝါရဲ့ တေးသီချင်းတွေကို အဓိက ဂါရဝရှေ့ထားသီဆိုသွားမှာဖြစ်သလို တေးသီချင်းပုံစံမျိုးစုံအပြင် နောက်ပိုင်းမှာ စတူဒီယိုတေး သီချင်းတွေ ကို လည်း သီဆိုသွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *