ဓာတ်ပုံ - သပိတ်ကျင်းမြို့နယ်ဒေသခံ

၃၁. ၈. ၂၀၂၃
Written by Hey Mar

မိုးရွာသွန်းမှုကြောင့် ခြံဝန်းသံဘီးတပ်တံခါး ပြိုလဲကျစဉ်သံတံခါးပိမိပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ စဥ့်ကူးမြို့မှာ ဒီကနေ့ သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သပိတ်ကျင်းမြို့ဒေသခံ ပရဟိတအသင်းကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးအုပ်စုနွယ်ရုံကျေးရွာ၊ လပြည့်ဝန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့ပြီး ပြီးတဲ့ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့တာကြောင့် တံခါးခွင်နဲ့ မြေသားတွေ ရေကြောင့် ပျော့ကျပြီးလမ်းဘက်ကိုပြိုလဲကျရာက အနီးအနားဖြတ်သန်းသွားလာတဲ့ သူအမျိုးသားတစ်ဦးအပေါ် ပိမိတာဖြစ်တယ်လို့ သိရပါတယ် ။

သေဆုံးသူ အမျိုးသားမှာ စဉ့်ကူးမြို့နယ်၊နတ်တောင်ရေပူတွင်းစခန်းနေကိုဇော်မျိုးအောင်(၂၆ နှစ်)ဖြစ်ပြီး ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးကြည့်ရှုပြီးနောက် စဥ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ဒေသခံသူနာတင်ယာဥ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *