၃၁. ၈. ၂၀၂၃
Written By Thandar

စင်တင်ဖျော်ဖြေပွဲ၊ ရုပ်သံထုတ်လွှင့်ခြင်းနဲ့ Online ထုတ်လွှင့်ခြင်းတို့တွေအတွက် တေးသီချင်းတွေကို အသုံးပြုမယ်ဆိုရင် မူပိုင်ခွင့်ရှိသူတွေဆီမှာ တရားဝင်ခွင့်ပြုချက်ရယူရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပညာရှင်တွေရဲ့ တေးသီချင်းတွေကို ခွင့်ပြုချက်မယူဘဲ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ရှိသူတွေဖြစ်တဲ့ ထုတ်လုပ်သူ၊ တေးရေး၊ တေးဆို၊ တီးဝိုင်းအသံဖမ်း (သို့) တရားဝင်မူပိုင်ခွင့် လွှဲအပ်ခြင်းခံရတဲ့ အဖွဲ့အစည်းတွေ /လူပုဂ္ဂိုလ်တွေရဲ့ဆီမှာ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။

တီးဝိုင်း နဲ့ သီဆိုဖျော်ဖြေပါကလည်း တေးရေး ခွင့်ပြုချက် (သို့) music only တီးလုံးဖွင့်ပြီး သီဆို ဖျော်ဖြေသူတွေက မူပိုင်ခွင့်ရှိတဲ့ သူတွေဆီမှာ ခွင့်ပြုချက်ယူရမှာလည်း ဖြစ်ပါတယ်။ စင်မြင့်ဖျော်ဖြေပွဲတွေမှာ အသုံးပြုမယ်ဆိုရင် ဖျော်ဖြေပွဲစီစဉ်သူကဖြစ်ဖြစ်၊ ကိုယ်တိုင် အသုံးပြုသူပဲဖြစ်ဖြစ် မူပိုင်ခွင့်ရှိသူတွေဆီမှာ တရားဝင်ခွင့်ပြုချက် ရယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရားဝင်ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲနေလျှင် ဖြစ်ပေါ်လာတဲ့ ကိစ္စအဝဝအတွက် သုံးစွဲသူမှာ တာဝန်ယူရမှာဖြစ်ပြီး တာဝန်ယူဖြေရှင်းမှုမရှိရင် တည်ဆဲဥပဒေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *