၃၀. ၈. ၂၀၂၃

Written by Nay Moe

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၆ နှစ်အရွယ် အပြစ်မဲ့အရပ်သားအမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့ အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံး၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံနှင့် နယ်မြေခံဆေးတပ်ရင်းများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီး ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *