၃၁. ၈. ၂၀၂၃
Written By Thandar

“အလွမ်းနဲ့ တမ်းချင်း” တေးသီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ တေးသံရှင် ရွယ်ရွယ်က သီချင်းသစ်ထွက်ဖြစ်တဲ့အပေါ် ချစ်ရတဲ့သူက ကိုယ့်မွေးနေ့မှာ ဘေးနားရှိဖို့မျှော်လင့်ရင်းနဲ့ “Happy Birthday To Me” သီချင်းသစ်ထွက်ဖြစ်တာပါလို့ MT News ကို ပြောပါတယ်။

“ရွယ် တစ်ယောက်ထဲဆိုတဲ့ သီချင်းတွေမထွက်တာ ၃ နှစ်နီးပါးလောက်ရှိပါပြီ။ ရွယ်ကို တေးရေးဆရာက ၂၀၂၀ လောက်ထဲက ပေးထားတဲ့ သီချင်းလေး ခုမှ ဆိုဖြစ်ခဲ့တာပါ။ သီချင်းတွေလည်း မဆိုဖြစ်တာကြာပြီမို့ မွေးနေ့မှာ သီချင်းသစ်လေးထွက်မှာမို့ စိတ်လှုပ်ရှားမိတယ်။ သီချင်းလေးထဲကအတိုင်း ရွယ်မွေးနေ့မှာ အနားရှိစေချင်သူက အနားမှာ မရှိဘူး။ မွေးနေ့ကိတ်လေးခွဲချိန်မှာ သူငယ်ချင်းတွေစုံပေမယ့် သူက ရှိမနေဘူး။ ကိုယ်ချစ်ရတဲ့သူ ဘေးနားရှိဖို့ မျှော်လင့်ရင်း စောင့်စားတဲ့ ခံစားချက်လေးနဲ့ သီဆိုထားတာပါ။ အသည်းကွဲပုံစံ မြူးမြူးလေး သီဆိုထားပါတယ်။ Birthday မှာ အမှတ်တရအနေနဲ့ ထွက်လိုက်တာပါ ”လို့ တေးသံရှင် ရွယ်ရွယ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-31_10-57-39-683x1024.jpg

သူမကတော့ ပထမဦးဆုံး “အလွမ်းနဲ့ တမ်းချင်း” တစ်ကိုယ်တော်ခွေနဲ့ ၂၀၁၉ ခုနှစ်က “ ချစ်လိုက်ပြတ်လိုက်” တစ်ကိုယ်တော်သီချင်းခွေတွေကို ထွက်ရှိခဲ့ပြီး Single Song တေးသီချင်းသစ်တွေ ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။တေးရေး ဒီပါဝေ ရေးပေးထားတဲ့ “Happy Birthday To Me” သီချင်းကိုတော့ ဒီနေ့ သြဂုတ် ၃၁ ရက် ညနေ ၅ နာရီမှာ ရွယ်ရွယ့် YouTube Channel ဖြစ်တဲ့ https://youtube.com/@ywalywalofficial3026?si=977txK56ja2o0Dsa ၊ Facebook တွေဖြစ်တဲ့ Flow App တို့ကနေ တင်ဆက်ပေးမှာဖြစ်ပါတယ်။

“Birthday ဆိုရင် တေးသီချင်းအပျော်လေးတွေ ထွက်ကြပေမယ့် ရွယ် သီချင်းလေးက အသည်းကွဲမုဒ်လေး ဖန်တီးလိုက်တာပါ။ ဒီနှစ်ထဲမှာ သီချင်းလေးတွေ ဆက်တိုက်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ပရိသတ်တွေနဲ့ အလှမ်းမဝေးအောင် သီချင်းလေးတွေ ဖန်တီးဖြစ်နေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *