TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကချင်လူမျိုးတစ်ဦးသေကာ သုံးဦးဒဏ်ရာရမှုမှာ KIA ကို မကျေနပ်၍ ပစ်ခတ်မှုဟု ဝေဖန်၊

TNLA ၏ ပစ်ခတ်သတ်ဖြတ်မှုလုပ်ရပ်ကို တပ်ကလုပ်သည်ဆိုကာ လိမ်လည်ကြဦးမည်ဟုပါ ပြော

၃၁. ၈. ၂၀၂၃
Written by Nay Moe

TNLA အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကချင်လူမျိုးတစ်ဦးသေပြီး သုံးဦးဒဏ်ရာရမှုဟာ KIA ကို မကျေနပ်လို့ TNLA က ပစ်ခတ်တာလို့ ဝေဖန်မှုရှိနေသလို TNLA ရဲ့ ပစ်ခတ်သတ်ဖြတ်မှုလုပ်ရပ်ကို တပ်ကလုပ်တာလို့ပါ လိမ်လည်ကြဦးမယ်လို့ Kachin Daily News မှာ ရေးသားထားပါတယ်။

TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကချင်လူမျိုးအချို့သေဆုံးထိခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး Sut Ring Aung ဆိုတဲ့ ကချင် Account တစ်ခုက “Daini hkying(11) am aten daram hta TNLA hpyen hpung ni gaw Nam Hpatka mare kata de mara kata laknak kaba ni hte gap bang ai majaw anhte wunpawng amyu sha marai langai si sum mat nna marai (3)hkra hkala hkrum lu ai. Ndai gaw KIA hpe myit pawt ai hte wunpawng amyu sha ni hpe yaw shada nga nga ai hte galaw nga ai ngu zawn nawn ai.KIA hpung ni shangai ya ai majaw byin pru wa ai TNLA hpung ni a galaw tawn ai gaw”Tinang shangai da ai woi gaw Tinang hpe bai jahkrit shama nga ai” zawn re.Dai hpang myen hpyen dap kaw na gap dat ai ngu tsun masu nna KIA/KIO hpe naw tsun wa na.KIA/KIO hku nna mung dai mabyin hte seng nna dang dang leng leng mahtai tam ya na matu ra nngai.RIP.”လို့ ရေးထားတာကို ဘာသာပြန်ထားတဲ့အပေါ် Kachin Daily News က ဖော်ပြခဲ့တာပါ။

ဘာသာပြန်ဆိုမှုဟာ “ဒီနေ့ (ဩဂုတ် ၃၀) ၁၁ နာရီလောက်မှာ TNLA အဖွဲ့က နမ့်ဖတ်ကာရွာထဲကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်လို့ ငါတို့ ကချင်လူမျိုး ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်သွားတယ်။ ဒါဟာ KIA ကို မကျေနပ်တာနဲ့ ကချင်လူမျိုးတွေကို ရည်ရွယ်ချက်ရှိစွာ အကြမ်းဖက်လိုက်တာလို့ ယူဆတယ်။ KIA မွေးပေးလိုက်လို့ ဖြစ်လာတဲ့ TNLA လုပ်ရပ်က “ကိုယ်မွေးတဲ့မျောက် .. ကိုယ့်ပြန်ခြောက်နေ”သလိုပဲ။ ပြီးရင် စစ်တပ်က ပစ်တာပါလို့ လိမ်လည်ပြီး KIA/KIO ကို အသနားခံဦးမယ်။ KIA/KIO အနေနဲ့လည်း ဒီကိစ္စကို ပြတ်သားစွာ ဖြေရှင်းပေးဖို့လိုလိမ့်မယ်။ RIP ပါ” လို့ ရေးသားထားတာပါ။

နမ့်ဖတ်ကာကျေးရွာ TNLA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် SAC ဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်စဉ်မှာ TNLA အဖွဲ့က နမ့်ဖတ်ကာကျေးရွာတောင်ဘက် မီတာ ၅၀၀ ခန့်အကွာက လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်လို့ ၁၆ နှစ်အရွယ် အပြစ်မဲ့ အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို TNLA အဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်အပြီး နမ့်ဖတ်ကာရွာ အနောက်တောင်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားတာပါ။

ဒဏ်ရာရသူတွေကို ကွတ်ခိုင်ပြည်သူ့ဆေးရုံနဲ့ နယ်မြေခံဆေးတပ်ရင်းဆေီ ပို့ဆောင် ဆေးကုသမှုခံယူစေပြီး နမ့်ဖတ်ကာကျေးရွာနဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်ကို နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *