၃၀. ၈. ၂၀၂၃
Written by Nay Moe

ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖြစ်ပွားခဲ့သော ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် ချင်း PDF ပူးပေါင်းတပ်ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကြောင်း Chinland Defense Force-Thantlang က ယနေ့အတည်ပြုသည်။

Chinland Defense Force-Thantlang, Chin National Army, Chinland Defense Force-Hakha, Chinland Defense Force-Zophei ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊၂၈ ရက်နေ့တို့တွင် ထန်တလန်မြို့တွင်းရှိ တပ်ကုန်းနှင့် အနီးပတ်ဝန်းကျင်၌ တပ်သားများ နေရာယူထားသည့် စခန်း (၅) ခုအပြင် အခြားသောမြို့တွင်းရှိ တပ်စခန်းငယ် (၂) ခုနှင့် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ Auto Tower တောင်တို့တွင် ထိုးစစ်ဆင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ချင်း PDF တပ်ဖွဲ့ဘက်မှ CDF-TT တပ်ဖွဲ့ဝင် (၄) ဦး၊ CNA တပ်ဖွဲ့ဝင် (၅)ဦး၊ CDF-Hakha တပ်ဖွဲ့ဝင် (၁) ဦးနှင် CDF-Zophei တပ်ဖွဲ့ဝင် (၅) ဦးတို့ သေဆုံးခဲ့သည်။ ထိုတိုက်ပွဲအတွင်း လခရတပ်သား (၃၀) ကျော်သေဆုံးပြီး (၅၀) ကျော် ဒဏ်ရာရခဲ့ကြသည့်အပြင် လက်နက် (၅)ခုနှင့်ကျည်ဆံများ သိမ်းဆည်းခဲ့သည်ဟု Chinland Defense Force-Thantlang က ကြေညာသော်လည်း တယ်လီဂရန်ချန်နယ်များတွင်မူ ချင်း PDF များမှာ အလောင်းများပင်မကောက်နိုင်ဘဲ ထွက်ပြေးခဲ့ကြောင်း ရုပ်အလောင်းများနှင့်တကွ သတင်းဖော်ပြနေပြီး လခရဘက်မှ တစ်ဦးသာသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သည်ဟုလည်း သိရသည်။

MT News သတင်းဌာန၏ ကနဦးသတင်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

https://m.facebook.com/story.php?story_fbid=pfbid0sydxxsf51UMkDLWm61SF5vYGGi7gBfguRrg4PjHrNAo2jRp5UJVCq7hzgpFSauWLl&id=100093224516222&mibextid=Nif5oz

Leave a Reply

Your email address will not be published. Required fields are marked *