၃၀.၈.၂၀၂၃
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင်နေထိုင်ကာ တရုတ်နိုင်ငံအတွင်းမှ ဓားစာခံများစွာကို ရိုက်စားလိမ်လည်မှုများအတွင်း လှောင်ပိတ်မိစေခဲ့သော အွန်လိုင်းရိုက်စား အချစ်ဇာတ်လမ်းများ ဖန်တီးခဲ့ကြသည်ဟု သံသယရှိမှုဖြင့် တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဩဂုတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

သတင်းပေးချက်များအရ ထိုကဲ့သို့ အွန်လိုင်းပေါ်တွင် ရိုက်စားလိမ်လည်မှုများပြုလုပ်နေသူ ၈၈ ဦးကို Riau ပြည်နယ်၊ Batan မြို့တွင် ဩဂုတ် ၂၉ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦးပါဝင်ကြောင်းလည်း သိရသည်။

၎င်းတို့အုပ်စုက တရုတ်နိုင်ငံမှ ဓားစာခံရာပေါင်းများစွာကို ခြိမ်းခြောက်အကျပ်ကိုင်ငွေညှစ်ခဲ့ပြီး အများအပြားမှာ အစိုးရအရာရှိများဖြစ်ကြသည်ဟုလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ Riau ပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇါဝါနီ ပန်ဒရာအာဆက်က ခြိမ်းခြောက်ငွေညှစ်ခံရသူများတွင် အင်ဒိုနီးရှားနိုင်ငံသားများ ပါဝင်မှု ရှိ မရှိစစ်ဆေးနေကြောင်း၊ အကယ်၍ မရှိခဲ့ပါက ဖမ်းဆီးမိသည့် အွန်လိုင်းငွေညှစ်သူတရုတ်များကို အမြန်ဆုံးပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းတို့က ဓားစာခံများထံ ဗီဒီယိုဖုန်းများဖြင့် ဆက်သွယ်စဉ်အတွင်း အချစ်ဇာတ်လမ်းခံစားရမှုများ မည်သို့ ရနိုင်သည်ကို အယောင်ဆောင်ပြောကြားခဲ့ကြခြင်း ဖြစ်သည်။ အမျိုးသမီးလိမ်ညာသူများကလည်း ဆက်သွယ်ပြောကြားမှုများအတွင်း လိင်ပိုင်းဆိုင်ရာထိတွေ့မှုများပြုလုပ်ရန်အတွက်ဟု ဓားစာခံများအား လိမ်ညာလှည့်ဖြားမှုများပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။ အခြားသောဇာတ်လမ်းဖန်တီးသူများကလည်း ဆက်သွယ်မှု ဗီဒီယိုများကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုနောက် တွင်မူ ၎င်းတို့က ဓားစာခံများအား ငွေမပေးပါက ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တင်မည်ဟု ခြိမ်းခြောက်ငွေညှစ်ကြခြင်းဖြစ်သည်။

ထိုအဖွဲ့အနေနှင့် ထိုသို့အွန်လိုင်းမှခြိမ်းခြောက်‌ငွေညှစ်မှုများကို လုပ်ကိုင်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းနှင့် ၎င်းတို့ဝင်ငွေက မည်မျှရှိကြောင်းကိုမူ သေချာစွာမသိရသေးပေ။ တရုတ်နိုင်ငံတွင် ပြည်တွင်း၌ ထိုသို့အွန်လိုင်းမှရိုက်စားဇာတ် လမ်းများဖန်တီးကာ ငွေညှစ်သည့်ဂိုဏ်းများ၏ကွန်ရက်များကို တိုက်ဖျက်ခဲ့ပြီးနောက် ၎င်းတို့က အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်းလာကြကြောင်း သိရသည်။

Ref——CNA

Leave a Reply

Your email address will not be published. Required fields are marked *