၂၉. ၈. ၂၀၂၃
Written By Thandar

အလှအပရေးရာနဲ့ပတ်သက်တဲ့ The Nail House Beauty & Nail ဖွင့်ပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် ယောဂီကျောင်းလမ်းမှာ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ မြယာ၊ ဒါရိုက်တာညိုမင်းလွင်၊ အဆိုတော် မေရွက်ဝါ၊ အဆိုတော် မေစံပယ်ညို စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

” မြတို့ကလည်း အမျိုးသမီးဆိုတော့ အလှအပတိုင်းကို ကြိုက်နှစ်သက်ပါတယ်။ လက်သည်းခြေသည်းဆိုတာ ဂျယ်နဲ့ဆက်တာတွေ အရောင်လေးတွေ တစ်ရောင်စီခြယ်ဖြစ်တယ်။ KS Collection Wedding လည်းရှိတော့ မိန်းကလေးတွေ ဆိုရင် မင်္ဂလာဆောင်ဝတ်စုံအပြင် ခေါင်းအစခြေအဆုံး ဆံပင်ပိုင်းရောပြုပြင်လို့ရတော့ ပိုအဆင်ပြေသွားတယ်။ သတို့သမီးမှ မဟုတ်ဘူး။ မြတို့လို မိန်းကလေးတွေ ပွဲတက်လေးတွေ အဆင်အရမ်းပြေလို့ သဘောကျတယ်။ ကာရိုက်တာအရ ၄ ရက်တစ်ခါ၊ ၅ရက် တစ်ခါ လက်သည်းတွေ ချိန်းရတာတွေ ရှိတယ်။ ပစ္စည်းတွေလည်း Product ကောင်းတာလေး သုံးတော့ အဆင်ပြေတယ်။ မိန်းကလေးတိုင်းတော့ ပိုက်ဆံကပ်စေးနည်းကြပေမယ့် ဈေးနှုန်းတန်တာလေး Product ကောင်းတာလေးသုံးတော့ ပိုအဆင်ပြေတာပေါ့ “လို့ သရုပ်ဆောင် မြယာက ‌MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-29_14-32-19-768x1024.jpg

အဆိုပါ ဆိုင်မှာ လူတိုင်းဈေးနှုန်းသင့်တန်စွာ သုံးစွဲနိုင်မယ့် ဈေးတွေ သတ်မှတ်ထားပြီး Promotion Gift card /Discount Card တွေကို အောက်တိုဘာ ၃၁ ရက် အထိ ၂၀ ရာခိုင်နှုန်း ဝန်ဆောင်မှုပေးထားတယ်လို့ သိရပါတယ်။ KS Collection Wedding Planner ကနေ The Nail House တိုးချဲ့ ဖွင့်လှစ်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *