၂၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

နယ်စည်းမခြားဆရာဝန်များအဖွဲ့က ယီမင်နိုင်ငံအတွင်း ၎င်း၏အဖွဲ့မှ ဝန်ထမ်းနှစ်ဦးကို အဆက်အသွယ်မရ ပျောက်ဆုံးလျက်ရှိကြောင်း ဩဂုတ်လ ၂၈ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသော ဝန်ထမ်းနှစ်ဦးမှာ ဂျာမန်တစ်ဦးနှင့် မြန်မာတစ်ဦးတို့ဖြစ်ကြပြီး ယီမင် အလယ်ပိုင်း မာရစ်ဒေသတွင် ပျောက်ဆုံးနေခြင်းဟု ကြေညာချက်ထုတ်ခဲ့သည်။ သို့သော် အဆိုပါဝန်ထမ်းနှစ်ဦး၏ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မသက်ဆိုင်သူများသို့ အသေးစိတ်အချက်အလက်များ မျှဝေအသိပေးမည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်။

ယီမင်နိုင်ငံတောင်ပိုင်း အက်ဘရန် ဒေသအတွင်း အယ်လ်ကေးဒါးစစ်သွေးကြွများက ၁၈ လကြာ ဖမ်းဆီးပြန်ပေးဆွဲထားသည့် ၎င်း၏ ဝန်ထမ်းငါးဦးပြန်လည်လွတ်မြောက်လာကြောင်း ကုလသမဂ္ဂက ဩဂုတ်လဆန်းပိုင်းမှာ ကြေညာခဲ့သေးကြောင်းလည်း သိရသည်။

Ref—-Reuters

Leave a Reply

Your email address will not be published. Required fields are marked *