၂၉. ၈. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး အမျိုးသားအဆိုရှင်အဖွဲ့ GOT7 ထဲက အဖွဲ့ဝင် Mark ရဲ့ တစ်ကိုယ်တော် သီချင်းသစ်မှာ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ထိုင်းမင်းသမီး Mai Davika ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Mark ရဲ့ သီချင်းအသစ်က လာမယ့် စက်တင်ဘာလ ၁ ရက်မှာ ထွက်ရှိသွားမယ်လို့ သိရပြီး သီချင်းနာမည်ကတော့ “Everyone Else Fades” ပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-29_10-59-50-1024x576.jpg

Mark က သူရဲ့ အင်စတာဂရမ်အကောင့် စတိုရီမှာ သီချင်းထဲက ပုံရိပ်တွေနဲ့အတူ Mai Davika ကို ကျေးဇူးတင်စကားပြောခဲ့ပြီး Mai Davika ကလည်း “Mark နဲ့ Mark ရဲ့အဖွဲ့နဲ့အလုပ်လုပ်ရတာအရမ်းပျော်စရာကောင်းတယ်။ အားလုံးက Mai ကို အရမ်းဂရုစိုက်ကြလို့ အရမ်းချစ်စရာကောင်းတယ်။” လို့ ဆိုရှယ်မီဒီယာမှာ ပြန်လည်ဝေမျှခဲ့ကာ Mark ရဲ့ အလုပ်လုပ်ပုံကို ချီးကျူးခဲ့သလို သီချင်းကို အားပေးကြဖို့လည်း Mai က ပြောခဲ့ပါတယ်။

GOT7 အဖွဲ့ထဲမှာ ထိုင်းနိုင်ငံက အဖွဲ့ဝင် Bam Bam လည်းရှိတာကြောင့် GOT7 အဖွဲ့ဝင်တွေနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ အတူတွဲပြီး အနုပညာလှုပ်ရှားမှုတွေကို မကြာခဏဆိုသလို တွေ့ရပြီး အခုတစ်ခါမှာလည်း ပရိသတ် အချစ်တော် နှစ်ဦးတို့ရဲ့ အတူတွဲ သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုဟာဆိုလည်း ပရိသတ်တွေအတွက် ရင်ခုန်စရာ ဖြစ်စေမှာပါ အသေအချာပါပဲ။

Ref; Thailandpost

Leave a Reply

Your email address will not be published. Required fields are marked *